ဟယ်လင် တာလစ်တ်ဟာ မတော်တဆမှုတစ်ခုကြောင့် တစ်နှစ်လောက် ကိုမာဝင်နေခဲ့ပြီး မှတ်ဉာဏ်တချို့ပဲ ကျန်တော့တဲ့အခြေအနေနဲ့ သတိပြန်ရလာပါတယ်။ သူ သတိမရသေးတဲ့ကာလအတွင်း ကလေးမွေးဖွားထားခဲ့တာကြောင့် ဆေးရုံမှာ သူ့ကို စောင့်ကြိုနေတာက လသားအရွယ် သမီးလေးတစ်ယောက်ပါ။ ဟယ်လင်ရဲ့စိတ်ထဲမှာ စွဲကျန်နေတာကတော့ မတော်တဆမှုမဖြစ်ခင် သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အဖေရောဘတ်ရဲ့အကြောင်းပါ။ အဖေ ဘာကြောင့် ဒီလိုလုပ်ခဲ့သလဲဆိုတာကို သူ နားမလည်နိုင်သေးဘူး။ ဆေးရုံကဆင်းပြီး အဖေနေခဲ့တဲ့အိမ်ကို ပြောင်းလာတဲ့အခါ အသက်ငါးနှစ်ကနေ ကိုးနှစ်အရွယ်ကြား ကလေးဝိဉာဉ်တွေကို မကြာခဏ မြင်လာရပါတယ်။ အဲဒီကလေးဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က လူသတ်မှုတွေအကြောင်း ဟယ်လင် သိလာရတယ်။ အဲဒီဖြစ်ရပ်တွေနဲ့ အဖေရောဘတ် ဘယ်လိုပတ်သက်နေသလဲ၊ သူ့သမီးလေးဆီကိုရော ဘယ်လိုအန္တရာယ်တွေ ရောက်လာနိုင်သလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ ဟယ်လင်အဖြစ် April Pearson ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထိတ်လန့်စရာထက် ပဟေဠိဆန်တဲ့ဘက်ကို ပိုအားထားပြီး မမျှော်လင့်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေ ထည့်ထားတဲ့ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်