Three Goodbyes [2025] ++++++++++ ဘဝဆိုတာ တစ်ခါတလေကျရင် ကျွန်တော်တို့ ထင်မှတ်မထားတဲ့ အချိန်မှာ ရပ်တန့်သွားတတ်ပါတယ်။ အဲဒီလို အချိန်မျိုး ရောက်လာခဲ့ရင် ကိုယ့်ရဲ့ ချစ်ရသူတွေ၊ ပတ်ဝန်းကျင်နဲ့ ကိုယ်တိုင်နဲ့ရော ဘယ်လို နှုတ်ဆက်ကြမလဲ..... ဒီမေးခွန်းတွေအတွက် အဖြေရှာပေးမယ့်ဒရာမာဇာတ်ကားသစ်ဖြစ်တဲ့"Tre Ciotole"ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..... ဇာတ်လမ်းကတော့.... ရောမမြို့မှာ ပုံမှန်ဘဝကို ဖြတ်သန်းနေကြတဲ့ မာသာနဲ့ သူမရဲ့ချစ်သူ အန်တိုနီယို တို့ရဲ့ ဆက်ဆံရေးဟာ သာမန်စကားများမှုလေးနဲ့တင် အဆုံးသတ်သွားခဲ့ပါတယ်။ လမ်းခွဲပြီးနောက် မာတာဟာ စိတ်ဓာတ်ကျကာ အစားအသောက်တွေ ပျက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အစားပျက်ရတာဟာ စိတ်ဆိုးတာကြောင့် သက်သက်မဟုတ်ဘဲ၊ ဆေးစစ်ချက်အရ သူမမှာ ကုသလို့မရနိုင်တော့တဲ့ ပြင်းထန်တဲ့ ရောဂါဆိုးတစ်ခု ခံစားနေရပြီဆိုတာကို သိလိုက်ရတဲ့ အချိန်မှာတော့... သူမရဲ့ ဘဝပုံစံတွေ၊ တန်ဖိုးထားမှုတွေ အကုန်ပြောင်းလဲသွားပါတော့တယ်။ သေဆုံးခြင်းကို ရင်ဆိုင်ရတော့မယ့် အချိန်မှာ သူမရဲ့ ချစ်ခြင်းမေတ္တာ၊ အစားအသောက်နဲ့ ဘဝကို ရှုမြင်ပုံတွေက ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ရင်နာဖွယ်ကောင်းလောက်အောင် ခံစားရိုက်ကူးပြထားပါတယ်..... File Size… (1.85GB) / (1.55GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…2h 2m Genre …Drama and Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်