Just One of the Guys (1985) IMDb Rating (6.5) / Rotten Tomatoes (57%) ၈၀ ခုနှစ်တွေရဲ့ နာမည်ကြီး Teen Comedy / Gender-bender ကားတစ်ကားဖြစ်ပြီး၊ ကျောင်းသားလူငယ်တွေကြားက ခွဲခြားဆက်ဆံမှုနဲ့ ကိုယ့်ကိုယ်ကိုယ် သက်သေပြလိုစိတ်ကို ဟာသနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Karate Kid, Cobra Kai တို့က မင်းသားကြီး Johnny Lawrenc တဖြစ်လဲ William Zabka ရဲ့ ငယ်ဘဝသရုပ်ဆောင်ချက်တွေကို ကြည့်ရမှာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် Terry Griffith (Joyce Hyser) ဟာ သတင်းစာပညာကို ဝါသနာပါတဲ့ အထက်တန်းကျောင်းသူလေးတစ်ဦးပါ။ သူမဟာ ဒေသခံသတင်းစာတိုက်ဖြစ်တဲ့ Sun Tribune မှာ နွေရာသီအလုပ်သင်အဖြစ် ဝင်ရောက်ဖို့ သူမရဲ့ ဆောင်းပါးကို တင်ပြခဲ့ပေမဲ့ ပယ်ချခံလိုက်ရပါတယ်။ ထူးခြားတာက သူမထက် အရည်အချင်းမသာတဲ့ ယောက်ျားလေးနှစ်ယောက်က အဲဒီအလုပ်ကို ရသွားတဲ့အခါမှာတော့ Terry ဟာ ဒါဟာ "ကျား/မ ခွဲခြားဆက်ဆံမှု" (Gender Discrimination) ကြောင့်လို့ ခံစားလိုက်ရပါတယ်။ သူမရဲ့ အရည်အချင်းကို သက်သေပြဖို့အတွက် Terry ဟာ ဆံပင်အတိုညှပ်၊ ယောက်ျားလေးလို ဝတ်ဆင်ပြီး တခြားအထက်တန်းကျောင်းတစ်ခုမှာ ကျောင်းသားအသစ်အဖြစ် သွားရောက်တက်ပါတော့တယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ ယောက်ျားလေးတစ်ယောက်အဖြစ်နဲ့ ဆောင်းပါးပြိုင်ပွဲကို ထပ်မံဝင်ပြိုင်ဖို့ပါ။ ဒါပေမဲ့ ယောက်ျားလေးတစ်ယောက်လို ဟန်ဆောင်နေထိုင်ရင်းနဲ့ ကျောင်းက သူငယ်ချင်း Rick (Clayton Rohner) ကို စိတ်ဝင်စားမိသွားတဲ့အခါမှာတော့ ဇာတ်လမ်းက ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းလာပါတော့တယ်။ File size… (2.8 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Romance Duration…. 01:40:52 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်