Harsens Island Revenge (2025) ++++++++++++++ ဒီကားဟာ ၁၉၂၀ ပြည့်လွန်နှစ်တွေက အမေရိကန်ရဲ့ အရက်ပိတ်ပင်တားမြစ်ထားတဲ့ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ သမိုင်းဝင် ရာဇဝတ်မှု အက်ရှင်ဒရမ်မာ (Action/Crime/Historical Drama) ရုပ်ရှင်ကားသစ် ဖြစ်ပါတယ်။ စာရေးဆရာ Karl Manke ရဲ့ လုံးချင်းဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ။ ဇာတ်လမ်းက ၁၉၂၀ ခေတ် ဂျက်ဇ်ဂီတတွေ ခေတ်စားပြီး တစ်ဖက်မှာလည်း အစိုးရက အရက်သောက်သုံးမှု၊ ရောင်းချမှုတွေကို ဥပဒေနဲ့ ပိတ်ပင်ထားတဲ့အချိန်မှာ မီချီဂန်ပြည်နယ်က ဟာဆန်ကျွန်း (Harsens Island) လေးမှာ အခြေခံထားတာပါ။ ဒီလို အရက်ပိတ်ပင်ထားတဲ့အချိန်မှာ ဒက်ထရွိုက်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီး တကယ့်ကို သွေးအေးရက်စက်လှပါတယ်ဆိုတဲ့ Purple Gang ဆိုတဲ့ လူမိုက်ဂိုဏ်းကြီးဟာ ကျွန်းပေါ်ကို ရောက်လာပြီး တရားမဝင် မှောင်ခိုအရက်လုပ်ငန်းတွေ၊ ဆက်ကြေးကောက် ငွေညှစ်တာတွေကို အကြီးအကျယ်လုပ်ဆောင်ကာ ဒေသခံတွေကို အနိုင်ကျင့် ဗိုလ်ကျစိုးမိုးဖို့ ကြိုးစားကြပါတော့တယ်။ ဒီလူဆိုးဂိုဏ်းရဲ့ ခြိမ်းခြောက်မှုကို မခံနိုင်တော့တဲ့အခါမှာတော့... ပထမကမ္ဘာစစ်တုန်းက တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ကမ္ဘာစစ်ပြန်လူစုဟာ သူတို့ရဲ့ ရပ်ရွာအဖွဲ့အစည်းနဲ့ မိသားစုတွေကို ကာကွယ်ဖို့အတွက် လက်နက်စွဲကိုင်ပြီး ပြန်လည်ခုခံဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ စစ်မြေပြင်က တကယ့်အတွေ့အကြုံရှိတဲ့ ဝါရင့်စစ်ပြန်ကြီးတွေနဲ့ မြို့ပြက နာမည်ကြီးလူမိုက်ဂိုဏ်းတို့ ကျွန်းကလေးပေါ်မှာ လက်နက်ချင်းပြိုင်၊ အစီအမံချင်းပြိုင်ပြီး ဘယ်လိုမျိုး သွေးချောင်းစီး တိုက်ပွဲဝင်ကြမလဲ၊ မိသားစုနဲ့ တရားမျှတမှုအတွက် ဘယ်လိုသက်သေပြသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်တွေရဲ့ ခေတ်ဟောင်းဖက်ရှင်တွေ၊ ကားအစုတ်အပျက်တွေနဲ့ ခေတ်ဟောင်းအငွေ့အသက်ကို ပီပီပြင်ပြင် ပုံဖော်ထားတဲ့အပြင်၊ သာမန်ရဲနဲ့ လူဆိုးတိုက်ပွဲ မဟုတ်ဘဲ စစ်ပြန်ကြီးတွေနဲ့ မာဖီယားဂိုဏ်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို အသားပေးထားလို့ ခေတ်ဟောင်းဂိုဏ်းစတားကားမျိုး ကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ File Size… (1.54GB) / (897MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 50m Genre ….Action , Drama , History Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်