၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Love in the Rain" ဇာတ်ကားဟာ မိုးရာသီရဲ့ အငွေ့အသက်တွေနဲ့အတူ လူငယ် ၅ ဦးရဲ့ ရှုပ်ထွေးပတ်သက်နေတဲ့ အချစ်ဇာတ်လမ်းတွေကို ရိုမန့်တစ်ဆန်ဆန် ပုံဖော်ထားတာပါ။ ဇာတ်လမ်းမှာ အဓိကအားဖြင့် နာရာ ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ဆံပင်ညှပ်ဆရာ ဒေစီကို တစ်ဖက်သတ် စွဲလမ်းနှစ်သက်နေပြီး၊ သူမအနားမှာ အမြဲရှိနေပေးတဲ့ သူငယ်ချင်းဖြစ်သူ Kung ကတော့ နာရာကို တိတ်တခိုး ချစ်နေရသူပါ။ တစ်ဖက်မှာလည်း ဒေစီ နဲ့ ဂျန် တို့ကြားက နားလည်မှုလွဲမှားနေတဲ့ ဆက်ဆံရေးတွေရှိနေသလို၊ ဂီတသမား ဒန် ကလည်း မိုးရွာတဲ့နေ့တစ်နေ့မှာ ဆုံတွေ့ခဲ့ဖူးတဲ့ သူ့ရဲ့ကောင်မလေးကို လွမ်းဆွတ်တမ်းတရင်း မိုးထဲမှာ စောင့်မျှော်နေတတ်သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ "အချစ်ဆိုတာ မိုးရွာသလိုပဲ၊ ဘယ်သူ့ပေါ်ကို ဘယ်အချိန်မှာ ကျရောက်လာမလဲဆိုတာ ခန့်မှန်းလို့မရနိုင်ဘူး" ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားပါတယ်။ မိုးရွာတဲ့အချိန်မှာ လူတစ်ယောက်ချင်းစီမှာ ဖြစ်ပေါ်လာတတ်တဲ့ အထီးကျန်မှု၊ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုတွေကို ဟာသလေးတွေရောနှောပြီး ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူကို ကြည်နူးမှုပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းပိုင်းဟာ မိုးစက်တွေကြားမှာပဲ စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့ပါတယ်။ တစ်ဖက်သတ်အချစ်တွေ အထီးကျန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သူတိုရဲ့ပတ်သက်မှုတွေဟာ မိုးသည်းထန်စွာ ရွာသွန်းတဲ့နေ့တစ်နေ့မှာ အဖြေတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ တစ်ဖက်သတ်ချစ်ရသူကို လိုက်ကြည့်နေရင်းကနေ ကိုယ့်အနားမှာ အမြဲရှိနေပေးတဲ့သူရဲ့ တန်ဖိုးကို သိသွားတဲ့အခါ လွဲချော်နေတဲ့ နားလည်မှုတွေဟာ မိုးရေထဲမှာ အရည်ပျော်သွားတဲ့အခါ သူတို့တွေရဲ့ နှလုံးသားရေးရာဟာ ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်သွားမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲ။ ဒါကြောင့် နာရာ တစ်ယောက် သူမစွဲလမ်းရတဲ့ ဒေစီနဲ့ အဆင်ပြေသွားမလား၊ ဒါမှမဟုတ် သူမကို အရိပ်လိုကြည့်နေတဲ့ ကုမ်ကိုပဲ ပြန်ချစ်သွားမလားဆိုတာနဲ့... ကျန်တဲ့သူတွေရဲ့ အချစ်ဇာတ်လမ်းတွေမှာရော ဘယ်သူက အောင်သွယ်တော်ဖြစ်ပြီး ဘယ်သူက မျက်ရည်ကျကျန်ရစ်ခဲ့မလဲဆိုတာကိုတော့ "Love in the Rain" ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်... Quality.....WebRip 1080p / 720p File Size.....(1.8 GB) / (980 Mb) Duration.....01:43:00
ဇာတ်ကားကြည့်ရန်