Avengers: Endgame အပြီးမှာ သောရ်က Guardians of the Galaxy နဲ့အတူ အာကာသထဲ စွန့်စားခန်းထွက်လာခဲ့ပါတယ်။ Thor၊ Thor: Dark World နဲ့ Thor Ragnarok တို့နောက် စတုတ္ထမြောက် သောရ်ရုပ်ရှင်မှာတော့ သူရင်ဆိုင်ရမယ့်သူက နတ်ဘုရားသတ်သမား ဂေါရ်ပါ။ ဂေါရ်ဟာ အရင်က နတ်ဘုရားတွေကို ယုံကြည်ကိုးကွယ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဂြိုလ်မှာ အငတ်ဘေးဆိုက်ပြီး သမီးလေးပါ သေဆုံးသွားတာကို နတ်ဘုရားတွေက လျစ်လျူရှုပြီး ပျက်ရယ်ပြုခဲ့ကြတယ်။ အဲဒီနောက် ဂေါရ်က နတ်ဘုရားတွေကို မုန်းတီးသွားပြီး သူ့လက်ထဲကိုလည်း နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်၊ ကျိန်စာသင့် နက်ခရိုဓား ရောက်လာပါတယ်။ ဂေါရ်က အဲဒီဓားနဲ့ စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်ရင်း နတ်ဘုရားအားလုံးကို တစ်ကြိမ်တည်းနဲ့ အပြီးသတ်နိုင်မယ့် နည်းလမ်းကို ရှာနေတယ်။ အဲဒီမှာ သောရ်နဲ့ ထိပ်တိုက်တွေ့လာပါတယ်။ သောရ်နဲ့အတူ မီအောရ်နာတူကို ကိုင်ဆောင်ထားတဲ့ ရည်းစားဟောင်း ဂျိန်းဖော်စတာနဲ့ ဖယ်ခရီတို့ပါ ပါဝင်တိုက်ခိုက်လာပြီး စကြဝဠာတစ်ခုလုံးက နတ်ဘုရားတွေကို ကယ်တင်ဖို့ ကြိုးစားကြရပါတယ်။
ဇာတ်ကားကြည့်ရန်