Rian Burman ဟာ နာမည်သိပ်မကြီးလှတဲ့ Slasher (လူသတ်) ဝတ္ထုလေးတွေ ရေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ဒါပေမယ့် တစ်နေ့မှာတော့ သူရေးထားတဲ့ ဝတ္ထုထဲက ကြောက်စရာကောင်းတဲ့ ဇာတ်ကွက်တွေက တကယ့်အပြင်မှာ လက်တွေ့ အသက်ဝင်လာပါတော့တယ်။ ပိုဆိုးတာက ဝတ္ထုထဲက အဓိက ဇာတ်ကောင် (Protagonist) ကို အသေသတ်ဖို့ ကြိုးစားနေတဲ့ ရက်စက်လွန်းတဲ့ လူသတ်သမား (Stalker) ကြီးက အပြင်မှာ တကယ်ရောက်လာတာပါပဲ။ ဒီလူသတ်သမားက သူ့ရဲ့ သားကောင်ကို ရဖို့အတွက် ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒီတော့ စာရေးဆရာ Rian အနေနဲ့ သူ့ရဲ့ ဝတ္ထုကို လိုချင်တဲ့ အဆုံးသတ်ရောက်အောင် ဘယ်လို ရေးမလဲ၊ ပြီးတော့ သူ့ရဲ့ ဇာတ်ကောင်ကို ဒီအရူးအမူး လူသတ်သမားလက်ကနေ လွတ်မြောက်အောင် ဘယ်လို ကယ်တင်မလဲဆိုတာကို ရင်တဖိုဖို ကြည့်ရှုရမှာပါ။ "I Know Exactly How You Die" ဟာ Original အိုင်ဒီယာနဲ့ Slasher Horror ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားပါ။ သွေးသံရဲရဲနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကားတွေကို အမြဲရှာဖွေကြည့်ရှုတတ်တဲ့ ပရိသတ်တွေအတွက်တော့ လုံးဝ အချိန်ပေးရကျိုးနပ်စေမယ့် ဇာတ်ကားဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်။ File size… 1 GB / 500 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy , Horror Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်