Kissing Is the Easy Part (2026) +++++++++++ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ "Kissing is the Easy Part" ရုပ်ရှင်ဟာ နာမည်ကြီး Wattpad ဝတ္ထုကို ပြန်ရိုက်ထားတဲ့ ချိုချိုချဉ်ချဉ် High School Rom-Com (အချစ်ဟာသ) ကားလေးတစ်ကားပါ။ ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့အပြင် လူငယ်တွေကြားမှာလည်း တော်တော်လေးရေပန်းစားပါတယ်။ ဇာတ်လမ်းက Sean (Asher Angel) ဆိုတဲ့စာကြမ်းပိုး၊ MIT တက္ကသိုလ်တက်ဖို့ အိပ်မက်မက်နေတဲ့ ကျောင်းသားလေးနဲ့ Flora (Paris Berelc) ဆိုတဲ့ ကျောင်းက အလန်းစားလူချမ်းသာမိန်းကလေးတို့အကြောင်းပါ။ Sean က စာအရမ်းတော်ပေမယ့် Flora ကတော့ စာထက်စာရင် ပျော်ပျော်ပါးပါးနေတတ်တဲ့သူပုန်မလေးပေါ့။ တစ်နေ့မှာတော့ Flora ရဲ့ မိဘတွေက သမီးဖြစ်သူ စာမလိုက်နိုင်မှာစိုးလို့ Sean ကို အကူအညီတောင်းပါတယ်။ အပေးအယူကတော့ Sean သာ Flora ကို ဟန်ဆောင်တွဲပေးပြီး စာပြပေးမယ်ဆိုရင် သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ MIT တက်ဖို့အတွက် ထောက်ခံစာရအောင် ကူညီပေးမယ်ဆိုတာပါပဲ။ အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် လုံးဝမတည့်ကြဘူးပေါ့။ ဒါပေမဲ့ အတူတူစာလုပ်ရင်း အချိန်တွေကုန်လာတဲ့အခါမှာတော့ တစ်ယောက်ရဲ့အတွင်းစိတ်ကို တစ်ယောက်က မြင်လာပြီး သံယောဇဉ်တွေ စဖြစ်လာကြပါတယ်။ ရုပ်ရှင်နာမည်အတိုင်းပါပဲ။ နမ်းရတာက လွယ်ပေမယ့် တကယ့်အချစ်စစ်နဲ့ ယုံကြည်မှုကို တည်ဆောက်ရတာက ပိုခက်ခဲတယ်ဆိုတာကို ဇာတ်လမ်းက ပုံဖော်ထားပါတယ်။ Sean နဲ့ Flora ရဲ့မိဘတွေကြားက အပေးအယူကိစ္စကို Flora သိသွားတဲ့အခါမှာတော့ စိတ်ကောက်တာတွေ၊ အထင်လွဲတာတွေနဲ့ ဇာတ်ရှိန်တက်လာပါတယ်။ ဒီကားက High School ကားတွေရဲ့ ထုံးစံအတိုင်း ဆန့်ကျင်ဘက်နှစ်ယောက် ဆုံစည်းခြင်းပုံစံမျိုးဆိုပေမယ့် မင်းသားနဲ့မင်းသမီးရဲ့ Chemistry က တော်တော်လေး အားကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာကောင်းတဲ့ အချစ်ကားလေးတွေ ကြိုက်တတ်ရင်တော့ လက်မလွှတ်သင့်တဲ့ ကားလေးပါပဲ။ File Size… (1.92GB) / (793MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 40m Genre ….Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်