ဒီညကမ္ဘာပျက်တော့မယ်ဆိုရင် လက်ကျန်အချိန်လေးမှာ ဘာတွေလုပ်သွားဖို့တွေးမိလဲ? မင်္ဂလာပါ။ ဒီနေ့တော့ စိတ်ဝင်စားစရာကောင်းပြီး အတွေးနယ်ချဲ့စရာဇ ာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ "Last Night" ဆိုတဲ့ ကနေဒါ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးက နောက်ခြောက်နာရီနေရင် သေချာပေါက်ပျက်စီးတော့မယ်ဆိုတာကို လူတိုင်းသိနေတဲ့အချိန်၊ Toronto မြို့က လူတစ်စုရဲ့ နောက်ဆုံးအချိန်တွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲဆိုတာကို ရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတာပါ။ ဇာတ်လမ်းက ဒီလိုဗျ… ကမ္ဘာပျက်တော့မယ်ဆိုတော့ လူတွေက ထုံးစံအတိုင်း အကြမ်းဖက်၊ လုယက်ကြတာတွေရှိပေမယ့် အများစုကတော့ ကိုယ့်ရဲ့နောက်ဆုံးအချိန်လေးကို ကိုယ်ချစ်တဲ့သူတွေနဲ့ အေးအေးဆေးဆေးဖြတ်သန်းဖို့ ပြင်ဆင်နေကြပါပြီ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် "ပက်ထရစ်" ကတော့ သူ့မိသားစုနဲ့အတူ နောက်ဆုံးညစာစားပွဲလုပ်မယ့်အစား တစ်ယောက်တည်း အထီးကျန်စွာနေဖို့ ဆုံးဖြတ်ထားသူပါ။ ဒီလိုနဲ့ သူ့အိမ်ရှေ့ကို ကားပျက်ပြီး အိမ်ပြန်ဖို့အသည်းအသန်ဖြစ်နေတဲ့ "စန်ဒရာ" ဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက်မသိတဲ့ သူတို့နှစ်ယောက်၊ ကမ္ဘာကြီးရဲ့နောက်ဆုံးအချိန်တွေကို အတူတူဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ။ တခြားဇာတ်ကောင်တွေကရော သူတို့ရဲ့နောက်ဆုံးဆန္ဒတွေကို ဘယ်လိုပုံစံတွေနဲ့ ဖြည့်ဆည်းနေကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ။ “Last Night” က ဆုပေါင်း ၁၂ ခုရရှိခဲ့ပြီး ဆုပေါင်း ၂၃ ခုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ ကနေဒါရဲ့ Genie Awards မှာ အကောင်းဆုံး ဇာတ်ညွှန်း၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်ဆုတွေ အပါအဝင် ဆုပေါင်းများစွာ ရခဲ့ပါတယ်။ ဒီဇာတ်ကားက Action ဇာတ်ကားမဟုတ်ဘဲ လူသားတွေရဲ့ ခံစားချက်နဲ့ ဆက်ဆံရေးကို အဓိကထားတာပါ။ "ကိုယ့်ရဲ့နောက်ဆုံးအချိန်ကို ဘယ်လိုဖြတ်သန်းမလဲ" ဆိုတဲ့ အတွေးကို ပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…(2.6 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်