ဇာတ်ကား / 2001Moulin Rouge!Moulin Rouge!(2001) အညွှန်း
IMDb...7.4
ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...
"သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်....
နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်...အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ....အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲ
တိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်....အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့....ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ....အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့
ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေ
အကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
File Size : (3.6GB)(1.2GB) And (580 MB)
Quality : Blu-Ray 1080p5.1ch, 720p
Format…mp4
Duration…02:07:00
Genre : Musical, Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Paing
Encoded by Phyo Pyae
ဇာတ်ကားကြည့်ရန်