ရစ်ခ်က ကျောင်းကားကို အငှားမောင်းရင်း ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေသူပါ။ သူ့ချစ်သူကတော့ ဂုဏ်သရေရှိတဲ့ သူဌေးသမီးဖြစ်လို့ ကောင်မလေးရဲ့အဖေက သူတို့နှစ်ယောက်ကို သဘောမတူဘူး။ ဒါ့အပြင် သူ့ထက် အရာရာသာနေတဲ့ ချစ်သူရဲ့ရည်းစားဟောင်းကလည်း ပြိုင်ဘက်အဖြစ် ရှိနေသေးတယ်။ သူတို့နှစ်ယောက် လက်ထပ်တော့မယ့်အကြောင်း ရစ်ခ်က သူငယ်ချင်းတွေကို ပြောလိုက်တဲ့အခါ သူတို့က လူပျိုဘဝနောက်ဆုံးညအတွက် ပါတီတစ်ပွဲ စီစဉ်ပေးကြပါတယ်။ အရက်သောက်၊ မူးယစ်ဆေးသုံးပြီး လိင်အလုပ်သမတွေနဲ့ ပျော်ပါးကြဖို့အထိ စိတ်ကူးထားတဲ့ အပေါင်းအသင်းတွေက ရစ်ခ်ကိုလည်း ဝိုင်းတိုက်တွန်းကြတယ်။ သူငယ်ချင်းတွေကို အားနာပြီး လက်မထပ်ခင် တခြားမိန်းမတစ်ယောက်နဲ့ အိပ်ဖို့ ရစ်ခ် လိုက်လျောမိမလားဆိုတာကတော့ မေးစရာပါ။ ၁၉၈၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားမှာ Tom Hanks ရဲ့ ငယ်စဉ်က လူငယ်ဆန်တဲ့ဇာတ်ရုပ်ကို တွေ့ရမှာဖြစ်ပြီး ရှစ်ဆယ်ပြည့်လွန်နှစ်တွေရဲ့ အနောက်တိုင်းလူငယ်တစ်စု ဗရုတ်ကျကြပုံကို ဟာသအဖြစ် တင်ဆက်ထားပါတယ်။
ဇာတ်ကားကြည့်ရန်