Looney Tunes: Back in Action ( 2003 ) ငယ်ငယ်က ဗီစီဒီနဲ့ အထပ်ထပ်ပြန်ကြည့်ရတဲ့ ရုပ်ရှင်ပေါ့။ Looney Tunesကာတွန်းဇာတ်ကောင်တွေရယ် ဝါနာဘရားသားက လူတွေရယ်ကို Fourth Wall Breakingသလို ပြပြီး ဂျိမ်းစ်ဘွန်းဆန်ဆန်ဇာတ်ကောင်ပါ ပေါင်းထည့်ထားတဲ့ စပိုင်ကားလိုလို ဟာသကားလိုလို စုံပလုံနေအောင် ဇာတ်ကွက်တွေစုံနေတဲ့ ရုပ်ရှင်ကိုး။ နောက် အင်ဒီယာနာဂျုန်းအခန်းတို့ The Psychoဇာတ်ဝင်ခန်းတို့ စတားဝါးတို့ အကုန်နီးပါး လျှောက်ထည့်ထားတယ်။ ဧရိယာ၅၁တွေရော ၅၂တွေရော ပါသလို နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီကားတွေထဲ ဘတ်ဘန်နီနဲ့ ဒတ်ဖီ ဖြတ်ပြေးတဲ့အခန်းတွေလည်းပါတယ်။ ကစ်ဇုန်မှာ ဒီကမ္ဘာကျော်ပန်းချီကားတွေအကြောင်း မဖတ်ဖူးခင် မိုနာလီဇာကို ဒီရုပ်ရှင်ထဲ အရင်တေတွ့ဖူးတာဆိုရင်လည်း မမှားဘူး။ ရယ်လည်းရယ်ရသလို စပိုင်ကားအလန်းစားလိုလည်း ဖြစ်နေမယ့် အလန်းစားကားပါပဲ။ ငယ်ငယ်ကလည်း အထပ်ထပ်မရိုးခဲ့သလို အခုလည်းတော်တော်ကြည့်ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတုန်းပါပဲ။
ဇာတ်ကားကြည့်ရန်