A Love Like This (2026) ++++++++++ ပေါလ် နဲ့ လီယာ တို့က အထက်တန်းကျောင်းကတည်းက ဆုံခဲ့ကြတဲ့ ငယ်ချစ်ဦးတွေပါ။ ဒါပေမဲ့ ဘဝရဲ့ အချိုးအကွေ့တွေကြားမှာ တစ်နေရာစီ ဝေးကွာသွားခဲ့ပြီးတဲ့နောက် အိမ်ထောင်တွေလည်း အသီးသီးကျခဲ့ကြပါပြီ။ ဒါပေမဲ့ ငယ်ချစ်ဦး နှစ်တစ်ရာတိုင် မမေ့နိုင် ဆိုတဲ့အတိုင်း ပြန်လည်ဆုံတွေ့မိကြတဲ့ နောက်မှာတော့ နောက်ကွယ်မှာ နှစ်ဦးသား တိတ်တဆိတ်လေး ဆုံတွေ့ကြလေ့ရှိပါတယ်။ အိမ်ကို အလုပ်ကိစ္စခရီးသွားတယ်လို့ အကြောင်းပြရင်း အပန်းဖြေအိမ်တစ်ခုမှာ ရက်အနည်းငယ်စီ လာနေလေ့ရှိကြပါတယ်။ အခုတစ်ခေါက်မှာတော့ နှစ်ယောက်စလုံး နောက်ဆုံးအကြိမ်အဖြစ်ဆိုပြီး ကမ်းခြေလေးတစ်ခုက အပန်းဖြေအိမ်လေးကို အလုပ်ကိစ္စ အကြောင်းပြပြီးတော့ ရောက်လာကြပါတယ်။ နှစ်ယောက်သား လွတ်လွတ်လပ်လပ်ပျော်ရွှင်ရင်း အတိတ်အကြောင်းတွေကို ပြန်သတိရစဥ်းစားပြီးတော့ လက်ရှိဖြစ်နေတဲ့ဘဝကိုလည်း ပြန်ပြီး သုံးသပ်မိလာကြပါတယ်။ ဒါပေမဲ့ စွဲစွဲလမ်းလမ်းချစ်မိခဲ့ကြသူတွေမို့ လက်ရှိအချိန်အခိုက်အတန့်လေးကို ထာဝရဖြစ်စေချင်တဲ့စိတ်နဲ့ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် ဖောက်ပြန်မိတဲ့ အပြစ်ရှိစိတ်တွေကြားမှာ လွန်ဆွဲမှုတွေဖြစ်လာပါတော့တယ်။ File Size… (1.22GB) / (712MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 28m Genre ….Drama , Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်