စိတ်ဝင်စားဖွယ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်မိတ်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးက ဘာမှ သွေးမတော်သားမစပ်တဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က ကြားက အမှတ်မထင် ဘဝအချိုးအကွေ့တစ်ခုမှာ ဆုံတွေ့တဲ့အကြောင်းနဲ့ ထွေပြားလှတဲ့ လူတွေအကြောင်းကို အသားပေးရိုက်ကူးပြထားတာပေါ့...ဇာတ်ကားလေးကို ၂၀၁၉ ခုနှစ် ကိုဗစ်ကာလမှာ ဟောင်ကောင်နိုင်ငံမှာ ကြုံတွေ့ရတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပိတ်မိနေတဲ့ လူတစ်စုအကြောင်းကို ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်... ဇာတ်လိုက် ယောက်ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်... သူတို့နှစ်ယောက်စလုံးမှာ ကိုယ့်ကိုယ်ပိုင် ပြဿနာတွေရှိနေကြတယ်....တစ်ယောက်က အိမ်မှာ မိသားစုကို စိတ်ပူနေရပြီး နောက်တစ်ယောက်ကလည်း နာမကျန်းဖြစ်နေတဲ့ အမေအတွက် စိုးရိမ်ပူပန်နေရသူပေါ့... ကြည့်ကြပ်စင်တာမှာ ကာလတစ်ခု အတူစုနေကြရင်း အပြန်အလှန် ဘဝအကြောင်း၊ မိသားစုအကြောင်း၊ အချစ်အကြောင်း၊ နောင်တတွေအကြောင်းကို တဖြည်းဖြည်း ဖွင့်ဟပြောဆိုရင်း ရင်းနှီးလာကြတာပေါ့ဒါပေမယ့်... သူတို့ရဲ့ ဆုံတွေ့မှုက မရိုးနိုင်တဲ့ အစဉ်အလာမပြတ် အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားမလား၊ ဒါမှမဟုတ် ဘဝရဲ့ ခဏတာ ဖြတ်သန်းမှုတစ်ခုအဖြစ်ပဲ ကျန်ရစ်သွားမလားဆိုတာကတော့ ဇာတ်ကားရဲ့ စိတ်ဝင်စားစရာပဲမလို့ မပြောတော့ပါဘူး..ကိုဗစ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားမလို့ အားလုံး ကြုံတွေ့ဖူးတဲ့ ဘဝရဲ့ ပင်ပန်းမှု၊ မိသားစုရဲ့ တန်ဖိုး၊ နောင်တနဲ့ မျှော်လင့်ချက်တွေကို ခံစားစေပြီး...တစ်ခါတလေ... ကိုယ်နဲ့ မစပ်ဆိုင်တဲ့ လူတစ်ယောက်ကတောင် ကိုယ့်ဘဝကို ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဒီဇာတ်ကားက လှလှပပ ဖော်ပြထားတာမို့ ဘဝအမောပြေ တစ်ခဏအနားယူပြီး ဇာတ်ကားလေးကိုကြည့်လိုက်တော့နော် Filesize : 1.27 GB / 746 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်