မဂ္ဂဇင်းတစ်ခုမှာ ဓာတ်ပုံအယ်ဒီတာလုပ်နေတဲ့ ဒန်နီဆန်းဒါးစ်က စာရေးဆရာ သိပ်ဖြစ်ချင်နေပါတယ်။ ဒါပေမဲ့ သူ့အရေးအသားတွေက မတော်တရော်ဖြစ်နေလို့ သူဌေးက ဆောင်းပါးဌာနကို ပြောင်းခွင့်မပေးဘူး။ ရိုးရိုးရှင်းရှင်းဘဝကိုလည်း သူက အားမရဘဲ နာမည်ကြီးချင်နေသလို ကိုယ်သဘောကျနေတဲ့ ကောလင်းရဲ့ အာရုံစိုက်မှုကိုလည်း ရချင်နေတယ်။ ဒါကြောင့် စာရေးဆရာအပေါင်းအသင်းတွေနဲ့ ပဲရစ်ကို အားလပ်ရက်ခရီးထွက်နေပြီဆိုပြီး လိမ်ပြောလိုက်ပါတယ်။ ဒန်နီက ပဲရစ်ရောက်နေဟန်ဆောင်ပြီး အိမ်မှာအိပ်နေတုန်း ပဲရစ်ရဲ့ အထင်ကရနေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်သွားတယ်။ လူတွေက သူ့ကို ဘေးကနေ သီသီလေးလွတ်လာသူလို့ ထင်ပြီး ဝိုင်းသနားကြတဲ့အခါ အမှန်ကိုမပြောဘဲ အလိမ်အညာတွေ ဆက်ပြောနေခဲ့ပါတယ်။ အဲဒီကနေ လူမှုကွန်ရက်မှာ သြဇာလွှမ်းမိုးမှုရှိသူတစ်ယောက်အဖြစ် နာမည်ကြီးလာတဲ့ ဒန်နီရဲ့ လိမ်ထားသမျှက ဘယ်လိုပေါ်လာမလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်ကားကြည့်ရန်