NFL Draft ဟာ အသင်း ၃၂ သင်းက ကစားသမား ၂၂၄ ယောက်ထဲကနေ ကိုယ်လိုချင်တဲ့သူကို အကြိတ်အနယ် ရွေးချယ်ကြရတဲ့ အချိန်ပါ။ Cleveland Browns အသင်းရဲ့ အထွေထွေမန်နေဂျာ Sonny Weaver Jr. ကတော့ ဒီအချိန်မှာ ဖိအားတွေ ဝိုင်းနေပါတယ်။ နည်းပြတစ်ယောက်ဖြစ်တဲ့ သူ့အဖေ Sonny Weaver က ပြီးခဲ့တဲ့အပတ်ကပဲ ဆုံးသွားခဲ့တယ်။ လူတွေက သူ့ကို အဖေနဲ့ နှိုင်းယှဉ်ဝေဖန်ကြသလို အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကလည်း ကြီးနေပါတယ်။ ဇာတ်လမ်းက Seattle Seahawks အသင်းက Tom ရဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ စပါတယ်။ ဘိုကယ်လာဟန်ကို ရဖို့ Browns ဘက်က အလဲအလှယ်လုပ်ရမယ့် ကမ်းလှမ်းချက်ပါ။ ကိုယ့်ဆုံးဖြတ်ချက်တစ်ခုက အသင်းရဲ့ အနာဂတ်ကိုပါ သက်ရောက်နိုင်တာကြောင့် ဘိုကယ်လာဟန်ဟာ တကယ်သင့်တော်တဲ့ ရွေးချယ်မှုလားဆိုတာ Sonny နဲ့ အသင်းသားတွေ အဖြေရှာကြရတယ်။ လှည့်ကွက်တွေနဲ့ အရွှေ့အပြောင်းတွေကြားမှာ Sonny တစ်ယောက် သူလိုချင်တဲ့အသင်းကို ပုံဖော်နိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်