ဇာတ်လမ်းထဲက အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းလာတာနဲ့အမျှ ဒုစရိုက်မှုနဲ့ ဆင်းရဲမွဲတေမှုတွေ တိုးလာပါတယ်။ ဒါကို ဖြေရှင်းဖို့ ကိုယ့်ကိုယ်ကို မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများလို့ ခေါ်ကြတဲ့ အာဏာရ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့ကို သတ်မှတ်လိုက်တယ်။ အဲဒီနေ့မှာ ဘယ်ဒုစရိုက်မှုကို ကျူးလွန်ကျူးလွန် ရဲအဖမ်းမခံရဘဲ လူသတ်မှုတွေကိုပါ ခွင့်ပြုထားတာပါ။ ချမ်းသာသူတွေက ငွေကြေးသုံးပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ကြပေမယ့် ဆင်းရဲသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ပစ်ပယ်ခံထားရသူတွေကတော့ ပစ်မှတ်တွေ ဖြစ်လာကြတယ်။ ဒီလိုနေ့မျိုး စတင်ကျင်းပပြီးနောက် ဆင်းရဲမှုနဲ့ ဒုစရိုက်မှုတွေ လျော့နည်းလာတာကို တွေ့ရတော့ သန့်စင်ပွဲဟာ ရိုးရာနေ့တစ်နေ့လို ဖြစ်လာပါတယ်။ ဂျိမ်းကတော့ လုံခြုံရေးစနစ်တွေ ရောင်းချရင်း ချမ်းသာလာသူပါ။ သန့်စင်ပွဲကြောင့် သူ့ထုတ်ကုန်တွေ ရောင်းရတာဖြစ်လို့ ဒီနေ့ကို ဆက်ကျင်းပသင့်တယ်ဆိုတဲ့ဘက်က ထောက်ခံနေတယ်။ သူ့မှာ သားငယ်တစ်ယောက်နဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ချစ်သူရှိနေတဲ့ သမီးတစ်ယောက် ရှိပါတယ်။ သားငယ်ကတော့ သန့်စင်ပွဲမှာ လူတွေ သေရတာ မဖြစ်သင့်ဘူးလို့ ယူဆပြီး သူများကို အမြဲကူညီချင်သူပါ။ သန့်စင်ပွဲညမှာ သားဖြစ်သူက အိမ်ရာမဲ့လူတစ်ယောက်ကို ကယ်တင်လိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်နောက်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကနေ ဇာတ်လမ်း ဆက်သွားတယ်။ Ethan Hawke နဲ့ Lena Headey တို့ ပါဝင်ထားပြီး The Purge ဇာတ်ကားတွဲတွေရဲ့ အစဖြစ်တဲ့ သိပ္ပံစိတ်ကူးယဉ်နဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်