Peter La Fleur က ရည်မှန်းချက်ကြီးကြီးမားမား မရှိဘဲ အေးအေးဆေးဆေး နေတတ်သူပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံလေးတစ်ရုံ ပိုင်ပြီး လာကစားနေကျ လူတစ်စုလည်း ရှိတယ်။ ဒါပေမယ့် အားကစားရုံကနေ ငွေမရတာ ၁၃ လရှိနေပါပြီ။ တစ်နေ့မှာတော့ ရက် ၃၀ အတွင်း ဒေါ်လာ ၅၀,၀၀၀ မဆပ်နိုင်ရင် အားကစားရုံကို ဘဏ်က သိမ်းတော့မယ်ဆိုတဲ့ သတင်းဆိုး ရောက်လာတယ်။ ဘေးက နာမည်ကြီး Globo Gym ကလည်း ဒီနေရာကို ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ ပီတာနဲ့ သူ့ဘော်ဒါတွေအတွက် Average Joe’s က အားကစားလုပ်တဲ့နေရာတစ်ခုထက် ပိုပါတယ်။ နေ့စဉ်ဘဝက အပန်းဖြေပြီး ခိုနားနိုင်တဲ့နေရာဖြစ်လို့ ဘယ်သူမှ လက်မလွှတ်ချင်ကြဘူး။ ဒီတော့ သတ်မှတ်ရက်အတွင်း လိုတဲ့ငွေရဖို့ နည်းမျိုးစုံ ဝိုင်းစဉ်းစားကြရင်း Dodgeball Championships ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ပြိုင်မယ်လို့သာ ဆုံးဖြတ်လိုက်တာ၊ သူတို့ထဲမှာ ကောင်းကောင်းကစားတတ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ကိုယ့်အားကစားရုံကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ့် ပီတာတို့အဖွဲ့ ပြိုင်ပွဲထဲဝင်တော့ ဘယ်လိုအလွဲတွေ ကြုံရဦးမလဲ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး သူတို့မြတ်နိုးတဲ့ နေရာလေးကို ထိန်းထားနိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်