ဒီဇာတ်လမ်းကတော့ ဝရမ်းပြေးလူငယ်တစ်ယောက်နဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းကို ရင်တထိတ်ထိတ်ဖြစ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဂျက်ဆီ ဟာ စည်းကမ်းမဲ့ပြီး စိတ်အလိုလိုက် နေထိုင်တတ်တဲ့ လူငယ်တစ်ဦးဖြစ်တဲ့အပြင် "Silver Surfer" ကာတွန်းဇာတ်ကောင်ကို အရူးအမူး စွဲလန်းသူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ ကားမောင်းရင်း လမ်းမှာ ရဲအရာရှိတစ်ဦးကို မတော်တဆ တိုက်မိသွားတဲ့အတွက် လူသတ်မှုနဲ့ ဝရမ်းထုတ်ခံလိုက်ရပါတော့တယ်။ ဝရမ်းထုတ်ခံရတဲ့ကြားကပဲ ဂျက်ဆီ ဟာ သူအရမ်းချစ်ရတဲ့ ပြင်သစ်ကျောင်းသူလေး မော်နီကာ ဆီကို ရောက်အောင်သွားပြီး သူမကို မက္ကဆီကိုသို အတူတူထွက်ပြေးဖို့ ဖျောင်းဖျပါတော့တယ် ။ ဂျက်ဆီ ရဲ့ အန္တရာယ်များလှတဲ့ ဘဝထဲကို မော်နီကာ တစ်ယောက် လိုက်ပါသွားမလား၊ ဒါမှမဟုတ် သူမရဲ့ အနာဂတ်အတွက် သူဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ
ဇာတ်ကားကြည့်ရန်