BEEF (2023) Season 02 (Complete) IMDb Rating (8.0) / Rotten Tomatoes (98%) Season 1 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ နက်ဖလစ်စီးရီး Beef Season 2 ထွက်လာပါပြီ။ ဒီတစ်ခါတော့ အရင် Season 1 က စတီဗင်ယွန်းတို့ မဟုတ်တော့ဘဲ ဇာတ်လမ်းသစ်၊ သရုပ်ဆောင်သစ်တွေနဲ့ လုံးဝ အသစ်အနေနဲ့ လာတာပါ။ ဇာတ်လမ်းအကျဉ်း ကယ်လီဖိုးနီးယားက အဆင့်မြင့် Country Club ကြီးတစ်ခုမှာ အခြေတည်ထားတာပါ။ ဂျော့ရှ် (Oscar Isaac) က အဲဒီကလပ်ရဲ့ မန်နေဂျာပေါ့။ သူ့မိန်းမ လင်ဆေး (Carey Mulligan) ကတော့ အိမ်တွင်းအလှဆင်တဲ့ ဒီဇိုင်းနာ။ သူတို့နှစ်ယောက်က အပြင်ပန်းကြည့်ရင် အဆင်ပြေနေပုံပေါက်ပေမယ့် တကယ်တမ်းကျတော့ ငွေရေးကြေးရေး အကျပ်အတည်းတွေကြားမှာ အိမ်ထောင်ရေးက ပြိုကွဲလုနီးပါး ဖြစ်နေတာပါ။ ဒီကလပ်မှာပဲ အလုပ်လုပ်တဲ့ နောက်ထပ် စုံတွဲတစ်တွဲရှိသေးတယ်။ ကလပ်မှာ အချိုရည်ရောင်းတဲ့ အက်ရှ်လေ (Cailee Spaeny) နဲ့ အချိန်ပိုင်း လေ့ကျင့်ခန်းပြပေးတဲ့ အော်စတင် (Charles Melton) တို့ပေါ့။ သူတို့က လူငယ်စုံတွဲ၊ အရမ်းချစ်ကြပေမယ့် ပိုက်ဆံသိပ်မရှိကြဘူး။ အက်ရှ်လေရဲ့ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခတွေ အများကြီး လိုနေတဲ့အချိန်မျိုးပေါ့။ တစ်ရက်ကျတော့ ဂျော့ရှ်နဲ့ လင်ဆေးတို့ လမ်းမှာ အကြမ်းပတမ်း ရန်ဖြစ်ကြတာကို အက်ရှ်လေနဲ့ အော်စတင်တို့က မတော်တဆ တွေ့သွားပြီး ဗီဒီယိုရိုက်ထားလိုက်မိတယ်။ အဲဒီမှာတင် ပြဿနာက စတော့တာပဲ။ ပိုက်ဆံလိုနေတဲ့ လူငယ်စုံတွဲက အဲဒီဗီဒီယိုကိုသုံးပြီး ဂျော့ရှ်တို့ကို အလုပ်ရာထူးတိုးပေးဖို့ အကျပ်ကိုင်ပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဲဒီလောက်နဲ့ မပြီးသွားပါဘူး။ ကလပ်ကို ကိုရီးယား သူဌေးမကြီး မစ္စစ်ပတ်ခ် (Youn Yuh-jung) က ဝယ်လိုက်တဲ့အခါမှာတော့ အလုပ်ပြုတ်မယ့် အန္တရာယ်တွေ၊ နောက်ထပ် လျှို့ဝှက်ချက်တွေ၊ လူတန်းစား ကွာဟမှုတွေနဲ့ ငွေကြေးပြဿနာတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် အကျပ်ကိုင်တာတွေ၊ လိမ်ညာတာတွေနဲ့ ပိုပြီး ရှုပ်ထွေးလာပါတော့တယ်။ (မစ္စစ်ပတ်ခ်ရဲ့ ယောကျ်ား ဒေါက်တာကင်မ် နေရာမှာတော့ Parasite မင်းသားကြီး Song Kang-ho က သရုပ်ဆောင်ထားပါတယ်)။ ဒီ Season 2 ဟာ Season 1 လိုပဲ ဒေါသတကြီး လမ်းပေါ်ရန်ဖြစ်ရာကနေ စတာမျိုး မဟုတ်ဘဲ၊ ပိုက်ဆံနဲ့ လူတန်းစား ကွာဟမှုတွေကြားက ဖိအားတွေကြောင့် လူတွေ ဘယ်လောက်အထိ အောက်တန်းကျကျ လုပ်ရက်လာနိုင်သလဲဆိုတာကို စိတ်လှုပ်ရှားစရာ ကောင်းအောင် ရိုက်ပြထားတာပါ။ အားလုံးက ကိုယ့်လွတ်မြောက်ရေးနဲ့ ကိုယ်ကျိုးအတွက် တစ်ယောက်ကိုတစ်ယောက် အသုံးချကြရင်းကနေ ပြဿနာတွေ ပိုကြီးလာတာကို တွေ့ရမှာပါ။ သရုပ်ဆောင်တွေရဲ့ အိုက်တင်တွေကလည်း တကယ်မိုက်သလို၊ ဇာတ်ကွက်တွေကလည်း မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ ကြည့်နေရင်း ရင်တမမ ဖြစ်စေမှာ သေချာပါတယ်။ File size… (400 MB) / (270MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 00:42:47 Subtitle…. Myanmar Subtitle (Hardsub) Season 01 ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ IMDB 8.2 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ် လောကကြီးမှာ ထိန်းရအခက်ဆုံးက ကိုယ့်စိတ်ပါပဲ ကိုယ့်စိတ်ကိုယ်နိုင်ရင် လောကကြီးကို တဝက်နိုင်ပြီဆိုသလိုပဲ လူတိုင်းက ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အကြိုက်နဲ့ကိုယ် နေထိုင်နေကြတာပါ စိတ်ရဲ့စေစားရာကို တွန်းလှန်နိုင်ဖို့က တကယ့်ကိုမှခက်ခဲတဲ့အလုပ်တစ်ခုပါပဲ တော်ရုံလူမလုပ်နိုင်လို့ ဘဝပျက်သွားရတဲ့သူတွေမှအများကြီးပါ ဒီဇာတ်လမ်းလေးကတော့ အဲဒါကိုအခြေခံပြီး ကွင်းကွင်းကွက်ကွက် မြင်နိုင်အောင်ရိုက်ပြထားတဲ့ကားလေးပါပဲ တချို့တွေနဲ့ အရမ်းကိုတိုက်ဆိုင်နေရင်တော့ ပြင်ဆင်ဖို့အတွက် တကယ့်ကိုအထောက်အကူဖြစ်မဲ့ကားလေးပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်နီရယ် နဲ့ အေမီတို့ဟာ စတိုးဆိုင်တစ်ခုမှာ ဘာမှာမဟုတ်တဲ့ ကားဟွန်းတီးတဲ့ ကိစ္စလေးနဲ့ ကားသမားချင်း ပြဿနာတက်ခဲ့ကြတာပေါ့ ဖြစ်ချင်တော့ အဲဒီအချိန်မှာ နှစ်ယောက်လုံးက စိတ်မကြည်တဲ့အချိန်ဖြစ်နေသလို ဘာပဲလုပ်လုပ် တစ်ခုခုအဆင်မပြေဖြစ်နေတဲ့အချိန်ဆိုတော့ ပိုဆိုးသွားတာပေါ့ အဲဒီလိုနဲ့ ဒန်နီရယ်က အေမီရဲ့ ကားနံပါတ်ကိုမှတ်ထားပြီးလိုက်ရှာပါလေရော တကယ်ဆို အေးဆေးပြီးသွားရမဲ့ကိစ္စကနေ အများအမြင်မှာ ဘာမဟုတ်တဲ့ကိစ္စလေးကို အကျယ်ချဲ့မိသလိုဖြစ်သွားတာပေါ့ ရှာရင်းတွေ့သွားတော့ အေမီ့ အိမ်မှာ သေးနဲ့ပန်းခဲ့ပါလေရော အဲဒီလိုနဲ့စတဲ့ဇာတ်လမ်းလေးရယ် နှစ်ယောက်လုံးက ဘာလုပ်လုပ် အဆင်မပြေတစ်ခုခုဖြစ်နေကြဇာတ်လမ်းလေးရယ် ပေါင်းလိုက်တော့ ပရိသတ်ကြီး အဆုံးထိမထတမ်းကြည့်ဖြစ်မယ်လို့ပဲ ပြောလိုက်ပါရစေဗျာ File size…(650 MB) Quality….Webrip 1080p Format…mp4 Duration….00:39:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by CM Team
ဇာတ်ကားကြည့်ရန်