ဗစ်တိုးရီးယားခေတ် အင်္ဂလန်ရဲ့ စာရေးဆရာ ချားလ်စ် ဒစ်ကန်စ်ဟာ ဝတ္ထုတွေ၊ ပြဇာတ်တွေနဲ့ အသက်ဝင်တဲ့ ဇာတ်ကောင်တွေကြောင့် လူသိများသူပါ။ ဒီဇာတ်လမ်းမှာတော့ သူ့ဘဝထဲ ဝင်ရောက်လာတဲ့ တက်သစ်စ ပြဇာတ်မင်းသမီး အယ်လန် တာနန်နဲ့ သူ့အကြောင်းကို ပြောပြထားပါတယ်။ နယ်လီလို့လည်း ခေါ်ကြတဲ့ အယ်လန်ဟာ သူ့စာအုပ်တွေကို နှစ်သက်သလို သူ့အမြင်တွေကို နားလည်ပြီး သူ့ကိုလည်း တခြားသူတွေနဲ့မတူတဲ့ အမြင်နဲ့ မြင်ပေးနိုင်သူပါ။ ချားလ်စ်က ဒီမိန်းကလေးကို ချစ်မိသွားပြီး နယ်လီဘက်ကလည်း တဖြည်းဖြည်း သံယောဇဉ်ရှိလာတယ်။ ဒါပေမယ့် ချားလ်စ်မှာ မပျော်ရွှင်ရတဲ့ အိမ်ထောင်တစ်ခု ရှိနေပြီးသားပါ။ နယ်လီနဲ့ ပေါင်းစည်းဖို့အတွက် အစဉ်အလာတွေ၊ ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်တွေနဲ့ အတားအဆီးများစွာကို ရင်ဆိုင်ရတော့တယ်။ ဝတ္ထုတွေထဲမှာ ရေးဖွဲ့ထားတဲ့ အချစ်နဲ့ လက်တွေ့ဘဝက အချစ်တို့ ဘယ်လောက်ကွာခြားမလဲ၊ နှစ်ယောက်သား ဒီအခက်အခဲတွေကြား ဘယ်အထိ လက်တွဲသွားနိုင်မလဲဆိုတဲ့ အချစ်ဒရာမာပါ။
ဇာတ်ကားကြည့်ရန်