The Match” (2024) ဟာ ဒါရိုက်တာ Cas Sigers-Beedles ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး၊ ALLBLK ပလက်ဖောင်းမှာ ထုတ်လွှင့်ခဲ့တဲ့ မူရင်းဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Brittany S. Hall၊ Ali Amin Carter၊ David Cook နဲ့ Charity Daniels တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ ဒရူးနဲ့ မေဆန်ဆိုတဲ့ သူစိမ်းနှစ်ဦးဟာ ဒိတ်တင်အက်ပ်တစ်ခုမှာ အတွဲဖြစ်လာပြီး အက်ပ်က စီစဥ်ပေးလိုက်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ပိတ်ရက်လေးတစ်ခုကို စတင်ဖို့ Lake House တစ်ခုမှာ အတူနေဖို့ဖြစ်လာတယ်။ ပထမဆုံးရောက်နေတဲ့နေ့မှာ သူတို့အတွက်တော့ ပြီးပြည့်စုံတဲ့ဒိတ်တစ်ခုဖြစ်ခဲ့ပေမဲ့ နောက်တစ်နေ့မနက်မှာ ထွက်ပေါက်မရှိတဲ့အိမ်ထဲမှာ ပိတ်လှောင်ခံထားရတာကို သိရှိလိုက်ရပါတယ်။ မမြင်ရတဲ့ အသံတစ်ခုက သူတို့ကို ထူးဆန်းတဲ့ဂိမ်းတွေ ကစားခိုင်းပြီး၊ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို လျှို့ဝှက်စောင့်ကြည့်နေပါတယ်။ ဒီဂိမ်းတွေဟာ တဖြည်းဖြည်း ပိုမိုအန္တရာယ်များလာပြီး၊ ဒရူးနဲ့ မေဆန်တို့ရဲ့ယုံကြည်မှုနဲ့လျှို့ဝှက်ချက်တွေကို စမ်းသပ်တဲ့ အဆင့်ထိ ရောက်ရှိသွားပါတယ်။ ဒီဂိမ်းတွေက ဘယ်လိုတွေဆော့ရမှာလဲ။ ဂိမ်းမာစတာကရော ဘာအကြောင်းရင်းတွေကြောင့် သူတို့နှစ်ဦးကို တစ်အိမ်တည်းမှာ ပိတ်လှောင်ထားရတာလဲဆိုတာ ကြည့်ရှုရမှာပါ။ File Size… (1.19GB) / (715MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre ….Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်