၁၉၉၀ ဝန်းကျင်၊ AIDS အကြောင်း လူတွေ သေသေချာချာ နားမလည်ကြသေးတဲ့အချိန်ကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။ Philadelphia မြို့က အရည်အချင်းရှိတဲ့ စီနီယာရှေ့နေ Andrew Beckett ဟာ AIDS ရောဂါရှိနေပေမယ့် အလုပ်အတွက် စိုးရိမ်တာကြောင့် ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် နဖူးပေါ်က အနာကို တွေ့သွားကြပြီးနောက် သူကိုင်တွယ်နေတဲ့ အရေးကြီးအမှုကို အကြောင်းတစ်ခုခုပြပြီး ပြန်ရုပ်သိမ်းသွားသလို သူ့ကိုလည်း အလုပ်ထုတ်လိုက်ကြတယ်။ Andrew ကတော့ ရောဂါကြောင့် အလုပ်ထုတ်ခံရတာလို့ ယုံကြည်ပြီး သူအလုပ်လုပ်ခဲ့တဲ့ ရှေ့နေအဖွဲ့ကို တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ ဂုဏ်သတင်းကြောင့် သူ့ဘက်က အမှုလိုက်ပေးမယ့် ရှေ့နေ ရှာမရဘူး။ ရှေ့နေကိုးယောက်အထိ ငြင်းပယ်ခံခဲ့ရပြီးနောက် Joe Miller ဆီ ရောက်လာတဲ့အခါမှာတော့ သူ့အမှုကို လက်ခံပေးခဲ့ပါတယ်။ ရှေ့နေတစ်ယောက်က ကိုယ့်အတွက် ရှေ့နေငှားရတဲ့ ဒီအမှုမှာ တရားခွင်အတွင်း ဘာတွေ ရင်ဆိုင်ရဦးမလဲ၊ AIDS ရောဂါရှိသူတစ်ယောက်ကို လူတွေက ဘယ်လို ဆက်ဆံဆုံးဖြတ်ကြမလဲဆိုတာကို ဆက်ပြထားပါတယ်။ Tom Hanks နဲ့ Denzel Washington တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရုပ်ရှင်ပါ။
ဇာတ်ကားကြည့်ရန်