★ 6.5
ဇာတ်ကား / 1987The Witches of Eastwick
အိစ်ဝစ်ဂ် မြို့လေးမှာ နေထိုင်ကြတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ အလက်ဇန္ဒား၊ ဂျိန်း နဲ့ ဆူကီ တို့ဟာ ခင်ပွန်းသည်တွေနဲ့ ကွဲကွာနေပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ တစ်ညမှာတော့ သူတိုသုံးယောက် စုဝေးပြီး သူတို့လိုချင်တဲ့ "စံပြအမျိုးသား" တစ်ယောက်အကြောင်းကို စိတ်ကူးယဉ် ဆုတောင်းခဲ့ကြပါတယ်။ မကြာခင်မှာပဲ မြိုလေးကို ကြွယ်ဝချမ်းသာပြီး ဆွဲဆောင်မှုရှိတဲ့ ဗန်ဟွန်းဆိုတဲ့ လူစိမ်းတစ်ယောက် ရောက်ရှိလာပါတော့တယ်။ သူဟာ အမျိုးသမီး သုံးယောက်လုံးရဲ့ စိတ်ကို ဖမ်းစားနိုင်ခဲ့ပြီး သူတို့ရဲ့ လျှို့ဝှက်ချက်တွေကိုပါ တဖြည်းဖြည်းသိလာခဲ့ပါတယ်။ ဒါပေမဲ့ ဗန်ဟွန်း ဟာ သူတို့သုံးယောက်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ အတူကြည့်လိုက်ရအောင်ပါ။
ဇာတ်ကားကြည့်ရန်