Bear Claw Camp (2025) +++++++++++++ ဒီကားဟာ သရုပ်ဆောင်တွေနဲ့ 3D Digital Animation သတ္တဝါလေးတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ စပိန်မိသားစုစွန့်စားခန်းဟာသ (Live-Action / Family Adventure) ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဉာဏ်ကောင်းလှတဲ့မိုင်ယာနဲ့ ကြောက်တတ်တဲ့ မြို့ပြကောင်လေးဂျန်တို့ နွေရာသီစခန်းမှာ ဆုံကြရာကနေ ဇာတ်လမ်းစထားပါတယ်။ တစ်နေ့မှာ စိတ္တဇဆန်တဲ့ဆောက်လုပ်ရေး လုပ်ငန်းရှင် ဆီဘက်စတီယန်က သူတို့ရဲ့ နွေရာသီစခန်းတည်ရှိရာ တောင်ကြားကြီးကိုဖျက်ဆီးပြီး စီးပွားရေးအိမ်ရာတွေဆောက်ဖို့ ကြိုးစားလာပါတယ်။ စခန်းနဲ့တောအုပ်ကြီးပျက်စီးမယ့်အန္တရာယ်ကနေ ကာကွယ်ဖို့၊ ဒီနယ်မြေဟာ ဥပဒေအရစောင့်ရှောက်ထားတဲ့ သဘာဝထိန်းသိမ်းရေးဇုန်ဖြစ်ကြောင်း သက်သေပြဖို့အတွက် မိုင်ယာနဲ့ ဂျန်တို့မှာ နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ ဒီတောအုပ်ထဲမှာ တကယ်ရှိတယ်လို့ ယုံကြည်ရပေမယ့် ဘယ်သူမှ မမြင်ဖူးကြတဲ့ "ဒဏ္ဍာရီထဲက လျှို့ဝှက်ဝက်ဝံကြီး" ကို သွားရောက်ရှာဖွေဖို့ပါပဲ။ ဒီလိုနဲ့ အချိန်လု စွန့်စားခန်းထွက်ရင်း လမ်းခရီးမှာ စကားပြောတတ်တဲ့ ဖရစ်ဇ်ဆိုတဲ့ စကန့်လေးရဲ့အကူအညီ ရလိုက်တဲ့အခါ... တောအုပ်ကြီးကို ကာကွယ်ဖို့ ဘယ်လိုအလွဲအချော်တွေ၊ ရင်ခုန်စရာတွေနဲ့ ရင်ဆိုင်ကြရမလဲဆိုတာ ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ File Size… (1.60GB) / (773MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 35m Genre …Adventure , Family , Comedy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်