Remarkably Bright Creatures (2026) +++++++++++++++ ဒီဇာတ်ကားလေးကတော့ ရေဘဝဲတစ်ကောင်နဲ့ လူနှစ်ယောက်ကြားမှာ ထူးခြားတဲ့ဇာတ်အိမ်လေးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ မာဆဲလပ်စ်ဆိုတဲ့ ရေဘဝဲလေးဟာ တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က ခေါ်လာပြီး ငါးပြတိုက်မှာ ထားခဲ့တဲ့အတွက် သူ့ဘဝတစ်လျှောက်လုံး သူ့အိမ်ဖြစ်တဲ့ ပင်လယ်ကြီးနဲ့ ခွဲနေရရှာတဲ့ကောင်လေးပါ။ နောက်ဇာတ်ကောင်တစ်ယောက်ကတော့ ယောက်ျားဖြစ်သူရော သားဖြစ်သူပါ ဆုံးသွားပြီး တစ်အိမ်လုံးမှာ တစ်ယောက်တည်းကျန်လို့ ငါးပြတိုက်မှာ အလုပ်လာလုပ်တဲ့ တိုဗာ ဆူလီဗန်ဆိုတဲ့ သန့်ရှင်းရေးအမျိုးသမီးပါ။ နောက်ဆုံးဇာတ်ကောင်ကတော့ ကင်မရွန်ဆိုတဲ့ တခြားနယ်က ကောင်လေးတစ်ယောက်ပါ။ သူက ရေဘဝဲလေးနဲ့ သန့်ရှင်းရေးအမျိုးသမီးရှိတဲ့မြို့ကို အကြောင်းရှိလို့ လာခဲ့တာဖြစ်ပြီး ကားထဲမှာပဲ နေနေရတဲ့ အလုပ်လက်မဲ့လေးပါ။ ဒီတော့ ဒီဇာတ်ကောင်သုံးယောက်က ဒီဇာတ်လမ်းမှာ ဘယ်လိုများ တွေ့ဆုံကြုံတွေ့လာရမလဲဆိုတာကို သိချင်စိတ်ဖြစ်လာစေမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File Size… (2.14GB) / (1.06GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 51m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်