★ 6.0
ဇာတ်ကား / 2022Mad Heidi
ဆွစ်ဇာလန်က Alps တောင်တန်းတွေမှာ နေထိုင်တဲ့ ဟိဒ်ဒီတို့အတွက် ဆွစ်ချိစ်မစားတာတောင် ရာဇဝတ်မှုဖြစ်နေတဲ့ အချိန်ပါ။ ချိစ်မစားသူတွေ၊ ချိစ်ထဲက နို့သကြားဓာတ်ကို မခံနိုင်သူတွေဟာ ဖမ်းဆီးသတ်ဖြတ်ခံနေကြရတယ်။ ဒီအမိန့်ကို ထုတ်ထားတဲ့ ဆွစ်ခေါင်းဆောင်ကလည်း သူ့ချိစ်ကို ပြည်တွင်းမှာတင် ရောင်းချနေရတာနဲ့ မကျေနပ်ဘဲ နိုင်ငံတကာကို တင်ပို့ပြီး ကမ္ဘာကိုပါ အပိုင်သိမ်းချင်နေပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဟိဒ်ဒီရဲ့ချစ်သူ ဆိတ်ပီတာ အသတ်ခံလိုက်ရတဲ့အခါ တောင်ပေါ်သူလေးဟာ ကလဲ့စားချေဖို့ ဆုံးဖြတ်လာတယ်။ ဟိဒ်ဒီ ဘယ်လိုပြန်လက်စားချေမလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား။ ဆွစ်ရိုးရာလက်နက်တွေ၊ ဝတ်စုံတွေနဲ့ ချိစ်တွေကြားက သူ့အကြောင်းကို ဟာသနည်းနည်းနှောပြီး ပြထားပေမယ့် သွေးထွက်သံယိုများတဲ့ ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်