သမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်ကြတဲ့အခါ စစ်နတ်ဘုရားမ အသီနာက လူသားတွေဘက်ကနေ ကာကွယ်ပေးခဲ့ပါတယ်။ လူသားသူရဲကောင်းတွေလည်း အသီနာဆီမှာ သစ္စာခံပြီး ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့စွမ်းအားကို အသုံးပြုကာ နတ်ဘုရားတွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံး နတ်ဘုရားတွေ ဆုတ်ခွာသွားရပြီး ကမ္ဘာကြီးဟာ ယာယီငြိမ်းချမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ အသီနာက လူသားကောင်မလေးတစ်ယောက်အဖြစ် ပြန်ဝင်စားလာချိန်မှာတော့ တိုက်ပွဲတွေ ပြန်အစပျိုးလာတယ်။ အသီနာကို စောင့်ရှောက်ပေးမယ့် သူရဲကောင်းတွေ လိုအပ်လာသလို သူ့ကို သတ်ဖို့ကြိုးစားမယ့် အဖွဲ့တွေလည်း ပေါ်လာကြပါတယ်။ ဂျပန်မန်ဂါ Saint Seiya ကို အခြေခံရိုက်ကူးထားတဲ့ စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားဖြစ်ပြီး Mackenyu က အဓိကပါဝင်ထားပါတယ်။ သူဟာ One Piece ရဲ့ လူသရုပ်ဆောင်စီးရီးမှာ Roronoa Zoro၊ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ထားသူပါ။ ရှောင်ဘင်းနဲ့ Mark Dacascos တို့လည်း ပါဝင်ထားကြပါတယ်။
ဇာတ်ကားကြည့်ရန်