★ 7.5
ဇာတ်ကား / 2022The Sea Beast
မေစီဟာ ပင်လယ်မုဆိုးမျိုးရိုးက ဆင်းသက်လာတဲ့ ကောင်မလေးတစ်ယောက်ပါ။ မိဘနှစ်ပါးလုံး ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားလို့ မိဘမဲ့ဖြစ်နေပေမယ့် သူကိုယ်တိုင်လည်း မိဘတွေလို မုဆိုးဖြစ်ချင်နေတယ်။ ဒါကြောင့် မုဆိုးသင်္ဘောတွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲသင်္ဘောပေါ်ကို ခိုးတက်ပြီး လိုက်သွားခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ကပ္ပတိန်ခရိုးနဲ့ သူ့မွေးစားသားလည်းဖြစ်၊ လက်ထောက်လည်းဖြစ်တဲ့ ဂျေကော့တို့ ရှိနေကြတယ်။ မေစီက သူတို့နဲ့အတူ ပင်လယ်ပြင်မှာ စွန့်စားခန်းတွေ ကြုံရပါတော့တယ်။ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတို့ရဲ့ တိုက်ပွဲကို အခြေခံထားပြီး သတ္တဝါတွေကို ချစ်စရာပုံစံတွေနဲ့ ပုံဖော်ထားတဲ့ ကာတွန်းပါ။ ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတဲ့ Netflix ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်