Found Footage: The Making of the Patterson Project (2025) IMDb Rating (5.9) / Rotten Tomatoes (76%) Documentary ဆန်ဆန် သဲထိပ်ရင်ဖိုကားတွေကို သဘောကျတဲ့သူတွေအတွက်ကတော့ ဒီကားလေးက ရှယ်ပါပဲ။ ချေ့စ်ဆိုတဲ့လူငယ်တစ်ယောက်ဟာ သူ့ရဲ့ကောင်မလေး နာတာလီရယ် သူ့ရဲ့လက်ထောက်အနေနဲ့အတူတွဲလုပ်ခဲ့တနဲ့ မစ်ချယ်ဆိုတဲ့သူငယ်ချင်းရယ်နဲ့အတူ ဇာတ်လမ်းတိုတွေရိုက်နေရင်း အသိအမှတ်ပြုခံရပြီး ဇာတ်ကားတစ်ပုဒ်ရိုက်ဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ ရတဲ့ဘတ်ဂျက်လေးကိုစုပြီး ကိုယ်ထူကိုယ်ထအစအဆုံး ရုပ်ရှင်တစ်ခုထုတ်လုပ်ဖို့ဖြစ်လာတဲ့အချိန်မှာ ရိုက်ကူးရေးတစ်ခုလုံးမှာလိုအပ်တဲ့ ပစ္စည်းပစ္စယတွေကအစ လူအင်အားတွေအဆုံး ကိုယ်တိုင်ငှားရမ်းပြီးစံမီဖို့ဖြစ်လာပါတယ်။ အားလုံးအဆင်သင့်ဖြစ်သွားတဲ့အခါကျ လူစုံတက်စုံနဲ့စုစည်းပြီးတဲ့အခါမှာ ရိုက်ကူးရေးလုပ်မယ့်နေရာကိုသွားခဲ့ပါတယ်။ တောအုပ်တစ်အုပ်မှာရှိတဲ့ သစ်သားအိမ်ကိုရောက်တဲ့အချိန်မှာ ရိုက်ကူးရေးစလုပ်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားဘဲနဲ့ လူအင်အားလည်းများ ထားသိုရမယ့်ပစ္စည်းကိရိယာတွေကလည်းများနေတဲ့အချိန်မှာ ငှားထားတဲ့အိမ်ရဲ့မြေအောက်ခန်းထဲမှာပါ ပစ္စည်းတွေသွားထားဖို့အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ ချေ့စ်တို့ဟာ အိမ်ရှင်ရဲ့ခွင့်ပြုချက်မပါဘဲ အိမ်ရှင်ကအိမ်ကိုမလာခင်မှာ မလုပ်သင့်တာသွားလုပ်လိုက်တဲ့အချိန်မှာ ရိုက်ကူးရေးမှာ ကံဆိုးမိုးမှောင်တွေတစ်ခုပြီးတစ်ခုကျရောက်လာပါတော့တယ်။ File size… (2.4 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror Duration…. 01:29:24 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်