Cannonball Run II (1984) IMDb Rating (5.1) / Rotten Tomatoes (12%) Cannonball Run ပထမကားရဲ့ အကြီးအကျယ် အောင်မြင်မှုအပြီးမှာ မင်းသားကြီး Burt Reynolds နဲ့ အဖွဲ့သားတွေ ပြန်လည်စုစည်းပြီး ရိုက်ကူးထားတဲ့ နောက်ဆက်တွဲ Action Comedy ကားဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပြိုင်ပွဲဝင်တွေက ပိုများပြီး အလွဲအချော်တွေပိုများလာသလို Jackie Chan က ဒီကားမှာလည်း ပြန်ပါလာပါတယ်။ ဇာတ်လမ်းကတော့ ရှေ့ကပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရှိတ်ခ်အာရပ်သူဌေးသား Sheik Falafel (Jamie Farr) က သူ့အဖေရဲ့ အမိန့်အရ ဂုဏ်သိက္ခာပြန်ဆယ်ဖို့အတွက် နောက်ထပ် "Cannonball Run" ပြိုင်ပွဲတစ်ခုကို ဒေါ်လာ ၁ သန်းဆုကြေးနဲ့ ထပ်မံကျင်းပတာကနေ စတင်ပါတယ်။ အဓိကဇာတ်ဆောင် JJ McClure (Burt Reynolds) နဲ့ သူ့ရဲ့ လက်တွဲဖော် Victor (Dom DeLuise) တို့ဟာ ဒီတစ်ခါမှာတော့ လူနာတင်ကား မဟုတ်တော့ဘဲ "စစ်တပ်က အရာရှိ" အယောင်ဆောင်ပြီး တော်ဝင်ကားကြီးတစ်စီးနဲ့ ပြိုင်ပွဲဝင်ကြပါတယ်။ လမ်းခရီးမှာ မာဖီးယားဂိုဏ်းသားတွေရဲ့ နှောင့်ယှက်မှုတွေ၊ အမျိုးသမီးပြိုင်ပွဲဝင်တွေနဲ့အတူ မျောက်ဝံတစ်ကောင်ပါ ကားမောင်းပြိုင်တဲ့အထိ ထူးထူးဆန်းဆန်း အလွဲတွေကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ File size… (2.6 GB) / (1.5 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Comedy Duration…. 01:49:14 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်