Mob Cops (2025) IMDb Rating (3.8) နယူးယောက်မြို့ရဲ့ ရဲတပ်ဖွဲ့အတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ မာဖီးယားဂိုဏ်းတွေရဲ့ ဆက်နွှယ်မှုကို အကြမ်းစား ပုံဖော်ထားတဲ့ Crime Thriller / Action ကားကောင်းတစ်ကားပါ။ Scream စီးရီးနဲ့ လူသိများတဲ့ မင်းသားကြီး David Arquette ကို အရင်နဲ့မတူဘဲ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါ။ ရဲအချင်းချင်း ပြန်ဖိုက်ကြတဲ့"ပုံစံမျိုးဖြစ်လို့ တခြား Crime ဇာတ်ကားတွေနဲ့ ကွဲပြားပါတယ်။ ဇာတ်လမ်းကတော့ အနားယူသွားပြီဖြစ်တဲ့ NYPD စုံထောက်ဟောင်းတစ်ယောက်က သူ့မိသားစုရဲ့ မာဖီးယားဂိုဏ်းဝင် ဆက်နွှယ်မှုတွေအကြောင်းကို စာအုပ်တစ်အုပ် ရေးသားထုတ်ဝေလိုက်ရာကနေ စတင်ပါတယ်။ ဒီစာအုပ်ထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်သွားတဲ့အတွက် မြို့ရဲ့ Crime Bossကြီးတွေဆီမှာ အလုပ်ကျွေးပြုနေတဲ့ "အကျင့်ပျက်ရဲတွေနဲ့ ဥပဒေဘောင်ထဲကအတိုင်းနေတဲ့ ရဲတွေကြားမှာ ပြင်းထန်တဲ့ စစ်ပွဲတစ်ခု စတင်ဖြစ်ပွားပါတော့တယ်။ တစ်ဖက်ကလည်း အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားရင်း၊ နောက်တစ်ဖက်ကလည်း တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်းနဲ့ နယူးယောက်ရဲတပ်ဖွဲ့အတွင်းမှာ ဘယ်သူ့ကို ယုံကြည်ရမှန်းမသိအောင် ဖြစ်လာရင်း အချင်းချင်းဝိုင်းဖြုတ်တာကို အကြမ်းစားကြည့်ရမယ့် အက်ရှင်ဒရမ်မာ ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်သင့်ပါဘူး။ File size… (1.1 GB) / (670 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama Duration…. 01:26:55 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်