★ 4.7
ဇာတ်ကား / 2023Kabzaa
လူမိုက်တစ်ယောက်ကို ဖမ်းလိုက်တာကြောင့် ဂိုဏ်းစတားတွေက ရဲစခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးလိုက်ကြပါတယ်။ ဒီလိုသောင်းကျန်းနေတဲ့ လူမိုက်တွေကို ရှင်းလင်းဖို့ အထက်အရာရှိတွေက ဘာဟ်ဂတ်ဘတ်ခ်ရှီကို တာဝန်ပေးလိုက်တယ်။ သူက တိုက်ပွဲပေါင်းများစွာကို အောင်နိုင်ခဲ့သူဖြစ်ပြီး နိုင်ငံတော်အလံကလွဲရင် ဘယ်သူ့ကိုမှ ဦးမညွှတ်ခဲ့သူပါ။ ဘာဟ်ဂတ်ဘတ်ခ်ရှီဟာ လူမိုက်တွေ ကြီးစိုးနေတဲ့မြို့ကို ရောက်လာပြီး သူတို့အားလုံးကို စုဝေးခိုင်းလိုက်ပါတယ်။ အဲဒီနောက် သူ့အာဏာကို ပြဖို့ သူဖြတ်သန်းခဲ့တဲ့ အတိတ်အကြောင်းကို ပြန်ပြောပြတယ်။ ၁၉၄၂ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ၊ အိန္ဒိယလွတ်လပ်ရေး မရခင်ကာလကစတဲ့ အဖြစ်အပျက်တွေကို နောက်ကြောင်းပြန်ပြကွက်တွေနဲ့ တင်ဆက်ထားပါတယ်။ Shriya Saran က တော်ဝင်မင်းသမီးအဖြစ် ပါဝင်ထားပြီး Kiccha Sudeep လည်း သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်