Assi (2026) "၈၀" IMDb - 7.3/10 ဇာတ်ကားနာမည် ၈၀ဆိုတာ အိန္ဒိယနိုင်ငံမှာ တစ်ရက်ကို အဓမ္မကျင့်ခံရမှုပေါင်း ၈၀နီးပါး တိုင်ကြားခံနေရတယ်ဆိုတဲ့ တုန်လှုပ်ဖွယ်ရာ ကိန်းဂဏန်းကို ရည်ညွှန်းထားတာပါ။မင်းသမီးချော တာ့ပ်ဆီးပန်နူးက ရာဗီဆိုတဲ့ ရဲရဲတောက် ရှေ့နေတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။ကျောင်းဆရာမတဦးလည်းဖြစ် အိမ်ထောင်ရှင်မလည်းဖြစ် ကလေးအမေလည်းဖြစ်တဲ့ ပါရီမာတစ်ယောက်ညဦးပိုင်း အိမ်အပြန် လူတစ်စုက ကားပေါ် အတင်းအဓမ္မဆွဲတင်ခေါ်သွားခံလိုက်ရပါတယ်။နှိပ်စက်အဓမ္မကျင့်ထားပြီးမှ ရက်ရက်စက်စက် စွန့်ပစ်ထားခံခဲ့လိုက်ရပါတယ်။သက်သေတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီး အဓိကတရားခံတွေကို တရားရုံးတင်ပေမယ့်လည်းမဟုတ်မမှန်သက်သေတွေနဲ့ အမှုက ရှေ့မဆက်နိုင်ဖြစ်နေရတာပေါ့။အဲဒီမှာပဲ ရှေ့နေရာဗီက စနစ်ဆိုးကြီးကို အံတုပြီး ပါရီမာဘက်က ရပ်တည်ပေးရင်းအိန္ဒိယရဲတပ်ဖွဲ့ရဲ့ ပေါ့ဆမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ သက်သေဖျက်ဆီးမှုတွေကနေတဆင့် အထက်အရာရှိတွေ၊လုပ်ငန်းရှင်သူဌေးကြီးတွေရဲ့ တရားမဲ့မှုတွေကြောင့် တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လောက်တောင် အားကိုးလို့ မရဘူးလဲဆိုတာကို ပြသထားတာမို့ ခံစားကြည့်ရှုကြပါဦး။ File size… 4.8 GB / 1.6 GB / 830 MB Quality…WEB DL 4K / 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်