All Night Wrong (2026) ဖောက်ပြန်နေတဲ့ မိန်းမကို လက်စားချေချင်တဲ့ ငကြောက် Gary နဲ့ မကြာသေးခင်က အမျိုးသား ဆုံးသွားပြီး အပျော်ရှာနေတဲ့ ငယ်ရွယ်တဲ့ မုဆိုးမ Ell တို့ အွန်လိုင်းပေါ်ကနေ ချိတ်ပြီး အတူအိပ်ဖို့ British Columbia ရဲ့ နှင်းကျနေတဲ့ညတစ်ညမှာ ပထမဆုံး လူချင်းတွေ့ ချိန်းတွေ့ကြပါတယ်။ နောက်တော့ အတူအိပ်ဖို့ ဟိုတယ်ကိုသွားရင်း ငွေသား ပိုက်ဆံထုတ်ဖို့လိုရာကနေ ကားတစ်စီးကို ပိုင်ရှင်မသိဘဲ ခဏဆိုပြီး ခိုးမောင်းသွားကြပါတယ်။ ကံဆိုးချင်တော့ သူတို့ခိုးလာတဲ့ကားက အန္တရာယ်များတဲ့ လူသတ်သမားတစ်ယောက်ရဲ့ ကားဖြစ်နေပြီး ကားနောက်ဖုံးမှာ ဒေါ်လာလေးသောင်းပါတဲ့ အိတ်နဲ့ လူသေအလောင်းတစ်လောင်း လက်ဆောင်ပါနေတာပါပဲ။ ရဲခေါ်ရင် သူတို့ပါ အမှုပတ်မှာစိုးလို့ ဒီအရှုပ်ထုပ်ကြီးကို ကိုယ်တိုင်ဖြေရှင်းကြမယ်ဆိုပြီး အလောင်းဖျောက်ဖို့ ထွက်ပြေးသွားတဲ့ သူတို့နှစ်ယောက်သား သေပြီထင်တဲ့အလောင်းက တကယ်မသေသေးဘဲ ထလာတဲ့အပြင် သူတို့နောက်လိုက်လာတဲ့ လူသတ်သမားကိုပါ ပတ်ပြေးရင်း တလွဲတချော် အရှုပ်အထုပ်တွေကြား ဘယ်လိုဒုက္ခတွေထပ်ရောက်ဦးမလဲဆိုတာကိုတော့ ဒီဟာသ crime thriller ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size… (1.1 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime, Mystery, Romance, Thriller Duration…. 01:33:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်