The Secret Friends Club (2026) အပိုင်းသစ် (1 မှ 12) စ/ဆုံး ကိုးရီးယား Variety show တွေကို ချစ်ခင်အားပေးနှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် ယခုတစ်ခါမှာတော့ ထူးခြားဆန်းသစ်ရှိုးအစီအစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။ Jennie၊ Dex၊ Choo Sung Hoon၊ Lee Su Ji နဲ့ Noh Hong Chul တို့က တစ်ဖွဲ့၊ Go Youn Jung၊ Jung Hae In၊ Kim Do Hoon, Hong Jin Kyung, Park Myung Soo နဲ့ Yoon Nam No တို့က တစ်ဖွဲ့၊ Park Bo Young, Lee Sun Bin, Cha Tae Hyun, Hwang Gwang Hee, Kang Hoon တို့က တစ်ဖွဲ့ စသဖြင့် တကယ့် နာမည်ကြီး အနုပညာရှင်ပေါင်းများစွာတို့ ပါဝင်သွားကြမှာပဲ ဖြစ်ပါတယ်။ ဒီရှိုးလေးဟာဆိုရင်ဖြင့် ကိုယ်စီ သရုပ်မှန်ကို ဖုံးကွယ်ကာ အချင်းချင်း လက်ဆောင်လေးတွေ မျှဝေပြီး ပျော်ရွှင်မှု ဆောင်ကျဉ်းပေးကြရမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ ကိုယ်စီ သရုပ်မှန်မပေါ်ရေးအတွက် ဘယ်လိုတွေကြိုးပမ်းကာ ကြည်နူးဖွယ်ရာ ဘယ်လိုလက်ဆောင်လေးတွေပေးပြီး ရသစုံရှိုးပီပီ ဘယ်လိုအလွဲလေးတွေနဲ့ ကြုံကြရမလဲဆိုတာကို တခဏတာကြည့်ရှုရင်း စိတ်အပန်းဖြေလိုက်ရအောင်နော်။ Aired: Feb 1, 2026 - Aired On: Sunday Genres: Comedy, Reality Show Episodes: 12 Original Network: Wavve
ဇာတ်ကားကြည့်ရန်Dex ပါဝင်သော ဇာတ်ကားများ
8 ကား
The Secret Friends Club
2026 · ဇာတ်လမ်းတွဲSingle's Inferno Reunion (2026) အပိုင်းသစ် (1 မှ 6) စ/ဆုံး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့တဲ့ Single's Inferno team ကတော့ Valentine's Day Special အနေနဲ့ Season 5 cast တွေ ပြန်လည်ပါဝင်ထားတဲ့ reunion အစီအစဉ်လေးကို ထုတ်လွှင့်ပေးလိုက်ပါပြီ။ ဒီရှိုးလေးမှာတော့ cast တွေ အကုန်လုံးက ရှိုးမှာ ပြသခဲ့တဲ့ အခန်းတွေကို ပြန်လည်ကြည့်ရှုရင်း အဲဒီတုန်းက ဘယ်လို ခံစားချက်မျိုး ဖြစ်ခဲ့လဲဆိုတာနဲ့ လက်ရှိမှာရော သူတို့ရဲ့အမြင်တွေ ဘယ်လောက်တောင် ပြောင်းလဲသွားကြပြီလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးသွားကြမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့လည်း Cast တွေနဲ့အတူ လိုက်ပါဆွေးနွေးရင်း လက်ရှိမှာ တကယ် တွဲနေတဲ့ Real Couple တွေလည်း ရှိနေမလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ရအောင်နော်။ Aired: Feb 14, 2026 Aired On: Saturday Genres: Dating Show, Reality Show, Romance Episodes: 6 Original Network: Netflix
ဇာတ်ကားကြည့်ရန်Single's Inferno Reunion
2026 · ဇာတ်လမ်းတွဲ
I Am Boxer (2025) အပိုင်းသစ် (1 မှ 10) စ/ဆုံး အားကစားပြိုင်ပွဲရှိုးတွေကိုမှ ခုံမက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် အစီအစဉ်အသစ် "I Am Boxer"!! ဒီရှိုးဟာ Netflix ရဲ့ နာမည်ကြီး ခန္ဓာကိုယ်အားအင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Physical: 100 ဖန်တီးသူတွေရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်ပြီး ကြီးကြပ်သူအဖြစ် ကိုးရီးယားအက်ရှင်ထိပ်တန်းမင်းသားကြီး မာဒုံဆော့ ပါဝင်ထားတဲ့အပြင်ကိုမှ အစီအစဉ်တင်ဆက်သူများအဖြစ် ကိုယ်လက်ကြံ့ခိုင်မှုအရာတွင် မသိသူမရှိတဲ့ ဂင်ဂျုံဂုနှင့်အတူ ကိုယ်ခန္ဓာကို ကြံ့ခိုင်မှုရှိုးအစီအစဉ်တွေမှာ ခွန်အားသက်လုံကို ပြသနိုင်လေ့ရှိတဲ့ Dex က ပါဝင်အားဖြည့်ပေးထားပါတယ်။ မတူညီတဲ့အသက်အရွယ် ကွာခြားတဲ့အရွယ်အစား ကွဲပြားတဲ့ဝိတ်တန်းအဆင့်တွေကြားထဲမှာ အထူးချွန်ဆုံးသော လက်ဝှေ့သမားဆိုတဲ့ ဂုဏ်ပုဒ်အတွက် ယှဉ်ပြိုင်ကြတိုက်ခိုက်ကြမယ့် တောင်ကိုးရီးယားအမျိုးသားအယောက် ၉၀ ဟာ ဘယ်လိုနည်းဗျူဟာတွေ ဘယ်လောက်ထိ အားပြင်းတဲ့လက်သီးထိုးချက်တွေနဲ့ ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမယ့် အစီအစဉ်ကောင်းတစ်ခုဖြစ်တာမို့လို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။ Aired: November 21, 2025 - Aired On: Friday Genres: Action, Adventure, Reality Show, Variety Show Episodes: 10 Original Network: tvN
ဇာတ်ကားကြည့်ရန်I Am Boxer
2025 · ဇာတ်လမ်းတွဲ
The Defects (2025) အပိုင်း (၁ မှ ၈) စ/ဆုံး ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက် Thrillerကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဒီကားလေးမှာတော့ Sky Castleမှ မင်းသမီးကြီး Yum Jung Ah, Hell bound မှ Won Jin Ah ,The Trunkမှ Choi Young Joonနဲ့ Dex, Extraordinary You မှ Lee Na Eun တို့ ပါဝင်ပါတယ် .. Kim Se Hui ( Yum jung ah)ဟာ ဆေးရုံကြီးတစ်ခုရဲ့ ဆေးရုံအုပ်ဖြစ်ပြီး ပရဟိတ ဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်.. သူရဲ့လူမသိတဲ့အချက်ကတော့ သူဟာ တရားမဝင်မွေးစားအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့ မျိုးရိုးဗီဇပိုင်ရှင်တွေသာလျှင် ရှင်သန်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကို လက်ကိုင်ထားသူဖြစ်နေတာပါ.. ကလေးမွေးစားချင်တဲ့ မိဘတွေကို ဂေဟာက ကလေးတွေကို မွေးစားခွင့်ပေးပြီး အဲဒီမိဘတွေက စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ကလေးတွေကို ပြန်ပေးလာတဲ့အခါ ရက်ရက်စက်စက်သတ်ပစ်လေ့ရှိပါတယ်.. အဲဒီလိုကလေးတွေထဲမှာမှ Kim A Hyeon ( Won jin Ah)က အသတ်ခံရမဲ့ ဘေးကနေ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့ပါတယ်.. သူ့လို အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ကလေးတွေကို ကူညီထောက်ပံ့ပေးရင်း လူမဆန်လှတဲ့ ဆေးရုံအုပ်ကြီးကို ဘယ်လိုမျိုး လက်စားချေတုံ့ပြန်သွားမလဲဆိုတာကို CMနဲ့အတူ သည်းထိတ်ရင်ဖို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် .. (အညွှန်းကို Htoo Pyae မှ ရေးသားပေးထားပါတယ်) Episodes: 8 Aired: Jul 21, 2025 - Aug 12, 2025 Aired On: Monday, Tuesday Original Network: ENA Genres: Action, Thriller, Drama Translated by Yati Naing, Hnin Wai Oo, Pan Hsu, Theint, Milk & Htoo Pyae Encoded by AHtet
ဇာတ်ကားကြည့်ရန်The Defects
2025 · ဇာတ်လမ်းတွဲ
Zombieverse: New Blood (2024) ဒီတစ်ခါမှာ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာတော့ Netflix ရဲ့ နာမည်ကြီး Zombie Show ဖြစ်တဲ့ Zombieverse(2023)ရဲ့ season 2 ဖြစ်တဲ့ Zombieverse : New Blood ပဲ ဖြစ်ပါတယ်။ ဒီရှိုးမှာဆိုရင်တော့ ဇွန်ဘီရောဂါပိုးကူးစက်ခံထားရတဲ့ တောင်ကိုးရီးယားနိုင်ငံထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့ သူတွေက သူတို့ ဆက်ပြီးအသက်ရှင်နိုင်ဖို့ ကြိုးစားကြပုံတွေကို ကြည့်ရှုရမှာဖြစ်ပြီး ဒီ Season မှာတော့ အရင် Season နဲ့မတူတဲ့ Quest အသစ် မစ်ရှင်အသစ်တွေပါဝင်လာမှာဖြစ်သလို Cast တွေအနေနဲ့လည်း S1 တုန်းက ပါဝင်ခဲ့တဲ့ Lee Si Young၊ DEX, Tsuki, Din Din တို့အပြင် Tae Yeon၊ Yook Sung Jae၊ Kwon Eun Bi စတဲ့ ပရိတ်သတ်ကြီး သဘောကျနှစ်သက်ကြတဲ့ အနုပညာရှင်များစွာတို့ ပါဝင်ထားပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေက ဇွန်ဘီ အကိုက်မခံရအောင် ကာကွယ်ရင်း ဘယ်လိုစိန်ခေါ်မှုတွေ ဘယ်လိုမစ်ရှင်တွေကို လုပ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစရာကောင်းစွာ ကြည့်ရှုလိုက်ကြရအောင်လားဗျာ။ (အညွှန်းကိုတော့ Wutyi မှ ရေးသားထားပါတယ်။) Aired: Nov 19, 2024 Aired On: Friday Genres: Reality Show, Survival Show Episodes: 7 Original Network: Netflix Translated by CM Team Encoded by Tiff
ဇာတ်ကားကြည့်ရန်Zombieverse
2023 · ဇာတ်လမ်းတွဲ
The Zone: Survival Mission S3 (2024) ဒီတစ်ခေါက် ကျွန်တော်တို့ CM ကနေ ပရိတ်သတ်ကြီးတို့ အားလုံး စောင့်မျှော်ကြည့်ရှုသင့်တဲ့ ရသစုံရှိုးလေးတစ်ခုကတော့ ရှေ့မှာလည်း season 2 ခုထွက်ထားတဲ့အပြင် ပါဝင်တဲ့သူတွေကလည်း တကယ့်ကို ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်ကြတဲ့ နာမည်ကျော် MC Yoo Jae Seok၊ Girl Generation အဖွဲ့ဝင် Kwon Yuri နဲ့အတူ ဒီ s3 မှာတော့ s1 နဲ့ s2 က အဖွဲ့ဝင်ဟောင်း Lee Kwang Soo အစား နာမည်ကြီး entertainer တစ်ဖြစ်လဲ UFC လက်ဝှေ့သမားဟောင်းဖြစ်တဲ့ Kim Dong Hyun၊ Single Inferno ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း Gen Z က နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဟော့ဆုံး youtuber ဖြစ်တဲ့အပြင် မကြာသေးမီကပဲ acting debut ထားတဲ့ UDT တပ်သားဟောင်း Dex တို့က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ The Zone: Survival Mission ဆိုတဲ့ ခေါင်းစဉ်အတိုင်း ရှေ့ season 2 ခုမှာလည်း အမျိုးမျိုးသော အခက်အခဲတွေကြားမှာ ကြိုးကြိုးစားစားရှင်သန်တောင့်ခံကြပုံတွေကို တွေ့မြင်ခဲ့သလို ဒီတစ်ခေါက် season အသစ် season 3 မှာလည်း ပိုမိုဆန်းသစ်ထားတဲ့ အပြင်းအထန်ဆုံး မစ်ရှင်တွေနဲ့ အခက်အခဲတွေကြားထဲမှာ ဘယ်လို တောင့်ခံကြမလဲ။ အခက်အခဲတွေကို ဘယ်ဖြေရှင်းကြမလဲဆိုတာကို ရသစုံလင်ရှိုးတွေရဲ့ပုံစံအရ ဟာသလေးတွေနဲ့ အဖွဲ့ဝင်တွေအတည်ပေါက်ကြိုးစားကြပုံတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကိုတော့ Theint မှ ရေးသားထားပါတယ်။) Aired: Aug 7, 2024 - ? Aired On: Wednesday Genres: Mystery, Comedy, Variety Show Episodes: 8 Original Network: Disney+ Translated by CM Variety Team Encoded by Tiff
ဇာတ်ကားကြည့်ရန်The Zone: Survival Mission
2023 · ဇာတ်လမ်းတွဲ
Love and Joy (2021) ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေတစ်ယောက်တို့ခင်မင်မိရင် "သူငယ်ချင်း" ဆိုတဲ့ နာမ်စားတစ်ခု တကယ်ပဲဖြစ်လာနိုင်ပါသလား။ Can a man and a woman become friends? ဒီအတွက် အဖြေကတော့ ... ဒီရှိုးလေးဟာတော့ အပေါ်ကမေးခွန်းလေးကို အဖြေရှာကြမယ့် လူငယ်လေးရှစ်ယောက်တို့ ဆုံတွေ့ရာက ဖြစ်ပေါ်လာတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ ပုံမှန် Reality Show တွေနဲ့ ပုံစံလေးတစ်မျိုးကွဲထွက်ပြီးတော့ နာမည်ကြီးတွေလည်း တစ်ယောက်မှ ပါဝင်ထားခြင်း မရှိပါဘူး။ Host ပုံစံမျိုးအနေနဲ့ Im La Ra နဲ့ Son Min Soo တို့က တင်ဆက်ပေးထားတာဖြစ်ပြီး Regular Member ရှစ်ယောက်လုံးကတော့ အဆင်တွေကြီးပဲဖြစ်တာမို့ ကြည့်ရတာ မျက်စိအေးစေမယ့် ရှိုးတစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။ သူငယ်ချင်းဖြစ်နိုင်ပါတယ်လို့ ယုံကြည်သူတွေရှိသလို၊ ဖြစ်မလာနိုင်တဲ့ဖက်က ရပ်တည်သူတွေလည်း ပါဝင်နေတာကြောင့် အဆုံးသတ်ရလဒ်နဲ့အဖြေတွေက အချစ်တစ်ခုလား၊ စစ်မှန်တဲ့ သူငယ်ချင်း ဆက်ဆံရေးလား ဒါမှမဟုတ် ဇုန်တစ်ဇုန်ထဲရောက်သွားမှာလားဆိုတာတော့ အဆုံးထိ ကြည့်ရှုအားပေးရင်း အဖြေထုတ်သွားလိုက်ကြပါဦး။ စုစုပေါင်း (၈) ပိုင်း ပါဝင်မှာဖြစ်ပြီး Channel Myanmar မှ အစအဆုံးတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ TarTee Poe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Pro Max ပဲ ဖြစ်ပါတယ်။ Genre.....Reality Quality….WEB-DL 1080p File size…500MB Format…mp4 Duration….40min Episodes...8 Episodes Subtitle….Myanmar Subtitle (Hardsub) Translator .....CM Variety Pro Max Encoder .....August
ဇာတ်ကားကြည့်ရန်Love and Joy
2021 · ဇာတ်လမ်းတွဲ
Bloody Game ( Season 1 +2 ) ပေါ့ပေါ့ပါးပါး ပျော်စရာ Variety Show တွေကြည့်ရတာ ရိုးလာပြီဆိုတဲ့သူတွေအတွက် ဆုကြေးတွေနဲ့ ယှဉ်ပြိုင်ရမယ့် Bloody Game ဆိုတဲ့ Survival Show ကြီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် ဒေါ်လာ ၃ သိန်းတန်တဲ့ ဆုငွေကို ရယူနိုင်ဖို့အတွက် ပြိုင်ပွဲဝင် ယောက်ျားလေး မိန်းကလေး စုစုပေါင်း ၁၀ ယောက်က ယှဉ်ပြိုင်ရမှာပါ ပြိုင်ပွဲဝင်တွေကို သီးခြားအိမ်တစ်လုံးမှာထားရှိပြီး ဒိုင်လူကြီး ၅ ယောက်က စောင့်ကြည့်ရမယ် ဆုကြေးငွေတန်ဖိုးကလည်း စပယ်ရှယ်ဆိုတော့ လွယ်လွယ်ကူကူတော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူးနော် စည်းမျဉ်းစည်းကမ်းတွေ တင်းကြပ်တဲ့အပြင် တန်ကြေးမြင့်တဲ့ ဆုကြေးငွေအတွက် ပြိုင်ပွဲဝင်တွေက ဘယ်လိုဂိမ်းမျိုးတွေကို ဘယ်လိုအခက်အခဲတွေနဲ့ ယှဉ်ပြိုင်ကြမှာပါလဲ ၁၀ ယောက်ထဲမှာ နောက်ဆုံး ဘယ်သူကျန်ပြီး ဒေါ်လာ ၃ သိန်းကို အရယူသွားနိုင်မလဲ??? ဒါ့အပြင် IZ*One အဖွဲ့ဝင်ဟောင်း Choi Yena, Knowing Brother က SangMin တို့အပြင် Jang Dong Min, Park Ji Yoon နဲ့ Youtuber Syuku တို့က regular host အဖြစ် အားဖြည့်ပေးထားတာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး Translated by CM Variety Team Encoded by YK
ဇာတ်ကားကြည့်ရန်