* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ၁၈၉၀ ကျော်ကာလ Alaska ဒေသတစ်ခုမှာ လူငယ်လေး Jack Conroy ဟာ ကွယ်လွန်သွားသော ဖခင်၏ ရွှေတွင်းပိုင်ဆိုင်မှုကို ရယူရန် ခရီးထွက်လာခဲ့တယ်။ တစ်ဖက်မှာလည်း White Fang ဟုခေါ်သော ဝံပုလွေနှင့် ခွေးစပ်မျိုးလေးသည် မိခင်နှင့်အတူ တောရိုင်းထဲတွင် ကြီးပြင်းလာခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ White Fang သည် လူသားများ၏ လောဘ၊ အကြမ်းဖက်မှုနှင့် ကြင်နာမှုတို့ကို တစ်ခုပြီးတစ်ခု တွေ့ကြုံလာခဲ့ရတယ်။ နောက်ပိုင်းတွင် White Fang သည် ရက်စက်တဲ့ လူဆိုး Beauty Smith ၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီး ခွေးတိုက်ပွဲများတွင် အတင်းအကျပ် ပါဝင်ခိုင်းခံခဲ့တယ်။ အကြမ်းဖက်နှိပ်စက်မှုများကြောင့် White Fang သည် လူသားများကို မယုံကြည်တော့ဘဲ ရန်လိုသော သတ္တဝါတစ်ကောင် ဖြစ်လာခဲ့ပါတော့တယ်။ Jack ကWhite Fang ရဲ့ အခြေအနေကို သိသွားတဲ့အချိန်မှာ ကယ်တင်ပေးဖို့ကြိုးစားပေမယ့် အစပိုင်းမှာတော့ White Fang က လူသားအားလုံးကို မယုံကြည်သော်လည်း Jack ၏ ကြင်နာမှုနှင့် စိတ်ရှည်မှုကြောင့် တဖြည်းဖြည်း ယုံကြည်လာပြီး သူတို့နှစ်ဦးကြားတွင် နက်ရှိုင်းသော သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ Jack ၏ ရွှေတွင်းနှင့်ပတ်သက်သော ပြဿနာများ၊ လူဆိုးများ၏ ခြိမ်းခြောက်မှုများကြောင့် သူတို့နှစ်ဦးဘယ်လိုရင်ဆိုင်သွားကြမလဲဆိုတာကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်