Sengkolo: Petaka Satu Suro (2026) IMDb Rating (5.8) ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေ အကြိုက်ဖြစ်မယ့် တကယ့်ကို ကြောက်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် မလေးရှား သရဲကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရာဟာယုဆိုတဲ့ အမျိုးသမီးဟာ ရွာတစ်ရွာက လက်သည်ဆရာမဖြစ်ပြီးတော့ သူမမှာ ယောက်ျားနဲ့ သားလေးတစ်ယောက်ရှိပြီး လက်ရှိမှာ ကိုယ်ဝန်ထပ်လွယ်ထားရပါတယ်။ ယောက်ျားဖြစ်သူကတော့ ငါးဖမ်းသမားဖြစ်ပြီးတော့ တစ်နေ့မှာတော့ သားဖြစ်သူကို ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ထဲကို ငါးဖမ်းခေါ်သွားခဲ့ပါတယ်။ ကံဆိုးချင်တော့ ပင်လယ်မှာ မုန်တိုင်းတိုက်ပြီး ရာယာယုဟာ ယောက်ျားရော သားရော ဆုံးရှုံးလိုက်ရပြီး ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ပါတယ်။ သူမဟာ ဗိုက်ထဲက ကလေးလေးအတွက် ကြိုးစားရှင်သန်ရင်း တကယ်တမ်း ကလေးမွေးလာတဲ့အခါမှာတော့ ကလေးက ပြာနှမ်းနေပြီး အသက်မရှိတော့ပါဘူး။ အဲဒီအချိန်မှာ သူမရဲ့ သူငယ်ချင်းဖြစ်သူ မာနီဆိုတဲ့ အမျိုးသမီးက တောထဲမှာ နေတဲ့ နတ်ဆရာမတစ်ဦးရှိကြောင်းပြောပြပြီး ကလေးတို့ သူ့ဆီ ချက်ချင်းခေါ်သွားခဲ့ပါတယ်။ သူမဟာ ကလေးကို ကယ်နိုင်ရင် ဘာမဆို လုပ်ပါ့မယ်လို့ ကတိပေးခဲ့ရာကနေ နတ်ဆရာမက အစီအရင်တစ်ခု ပြုလုပ်ပြီး ကလေးကို အသက်ကယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကလေးရဲ့အသက်တန်ဖိုးအတွက် ရာဟာယုက ဘာနဲ့ လဲလှယ်ခဲ့တာလဲ၊ သူမအနေနဲ့ရော သူ့ကလေး အသက်ရှည်အောင် ဘာတွေ လုပ်ရမလဲဆိုတာကို ကြောက်ကြောက်နဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (910 MB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:44:08 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်