ဇာတ်ကား / 2022Kothala Rayudu
Srikanth Meka သရုပ်ဆောင်ထားတဲ့ လူပျိုကြီးဟာ လက်မှတ်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာလုပ်နေသူပါ။ သူ့အတွက် အိမ်ထောင်ပြုတာဟာ အိမ်မှာထောင်ကျတာနဲ့ အတူတူပဲဆိုတော့ မိသားစုက ပေးစားဖို့ စီစဉ်တဲ့ မိန်းကလေးတွေကို အမြဲရှောင်နေတတ်တယ်။ ဒါပေမယ့် မိန်းကလေးချောချောလေးတွေ တွေ့ရင်တော့ ပိုးပန်းဖို့ လက်မနှေးပါဘူး။ အိမ်ထောင်ရေးကို ရှောင်ရင်း အီစီကလီလုပ်နေတဲ့ ဒီလူပျိုကြီးက သူများကို ကူညီမိရာကနေ လူမိုက်တွေကြား ဘယ်လိုဝင်ပါမိမလဲ။ အချစ်ကို အလေးအနက်မထားခဲ့တဲ့သူ တကယ်ချစ်မိတဲ့အချိန်မှာရော ဘယ်လိုပြောင်းလဲလာမလဲ။ သူ့အရှုပ်အထွေးတွေကို အက်ရှင်၊ အချစ်ဇာတ်လမ်းနဲ့ ဟာသရောပြီး တင်ဆက်ထားပါတယ်။
ဇာတ်ကားကြည့်ရန်