လောကကြီးမှာ ရှင်သန် ကြီးပျင်းရတာ ခက်ခဲလိုက်တာ ကျွန်မဖြစ်ချင်တဲ့ဆန္ဒတွေကို တားဆီးပိတ်ပင်ခံရပြီး သူတို့လိုချင်တဲ့ ပုံစံခွက်ထဲမှာနေထိုင်ရတာ မုန်းဖို့အလွန်ကောင်းပါတယ် .... ကျွန်မအသက်က ၁၅နှစ်ရှိနေပါပြီ ကျွန်မရဲ့မိဘတွေက ကြွယ်ဝပြည့်စုံတဲ့ လူတန်းစားထဲကပါပဲ.... ဒါပေမယ့် အဆင်မပြေတာက ကျွန်မရဲ့ အသွေးအသားပြောင်းလဲလာမှုပါ အပျိုဖော်ဝင်ခါစအရွယ် ခန္ဓာကိုယ်ရဲ့ဟော်မုန်းဓာတ်တွေပြောင်းလဲလာတော့ လိုချင်တပ်မက်တဲ့အရာတွေ လဲ ပြောင်းလဲလာတယ်လေ.......... အဲ့အချိန်မှာ မိဘတွေရဲ့အလုပ်အကိုင်နယ်မြေပြောင်းတော့ ကျွန်မလဲ ကျောင်းအသစ်ကိုလိုက်ပြောင်းခဲ့ရတယ် လူအသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံဖို့က အရမ်းခက်ခဲပါတယ် သူတို့တွေရဲ့ လူရာမသွင်းသလို ဆက်ဆံပုံက ကျွန်မရဲ့ သိမ်ငယ်စိတ်ကို နှိုးဆွသလိုဖြစ်နေတယ် လောကကြီးကို အရွဲ့တိုက်ချင်စိတ်တွေလည်း ပြည့်နှက်နေပါပြီ အဲ့ဒါတွေအပြင် ကျွန်မရဲ့သဘာဝတရားနဲ့ လူအများရဲ့သဘာဝတရားက အံဝင်ခွင်ကျဖြစ်တယ်လို့လည်း မခံစားရဘူး ကျွန်မရဲ့ခြေထောက်တွေကိုလဲ မုန်းတယ် ကျွန်မရဲ့ခြေထောက်တွေက သူများတွေလိုလဲ မလှပဘူးလေ လှီးထုတ်ပစ်ချင်တဲ့အထိ စိတ်ရူးပေါက်လာတယ် နောက်ဆုံး ကျွန်မရဲ့မိဘတွေကိုပါ ကိုယ့်မိဘအရင်းမဟုတ်ဘူးလို့ ခံစားလာရတယ် အဲ့ဒါတွေအတွက် ကျွန်မ ဘယ်လိုဆုံးဖြတ်ချက်ချသင့်လဲ ကျွန်မကိုရော ဘယ်သူက ကူညီပေးနိုင်မှာလဲ ဆရာဝန်တွေနဲ့ရော တိုင်ပင်သင့်လား သူတို့ကရော ကူညီပေးနိုင်မှာလား.................. ဒီဇာတ်ကားလေးမှာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ခံစားချက်တွေကို မြင်ယောင်မိသွားအောင် ရိုက်ပြထားပါတယ် အများနဲ့တန်းတူဖြစ်နေအောင် အများနဲ့အံဝင်ခွင်ကြဖြစ်အောင် ကြိုးစားရုန်းကန်နေပေမယ့် သူမရဲ့ပြောင်းလဲလာတဲ့ သဘာဝတရားကို လွန်ဆန်နိုင်ခြင်းမရှိခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးပြထားတာပါ........ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နောက်ဆုံးမှ ချပြခဲ့တဲ့ လျှို့ဝှက်ချက်လေးတစ်ခုပါပဲ.... သူမဘာကို ရင်ဆိုင်ကြုံတွေ့နေရတာလဲ လူအများထက်ပိုပြီး ဘာကြောင့် စိတ်ဖိစီးမှုများနေရတာလဲ ဆိုတာကတော့............ အားပေးကြည့်ရှုပေးကြပါဦး.... မိဘများအတွက် လမ်းညွှန်ချက် (Parents Guide)......... ယောကျာၤးနှင့်မိန်းမ Sex ကိစ္စ ဆက်ဆံကြသည့် အခန်းများပါဝင်ပါတယ် အသက်မပြည့်သေးသည့်သူများ ကြည့်ရှုရန် မသင့်တော်ပါ ခင်ဗျာ File Size : (843 MB) and (253 MB) Quality : WedDL 720p Running Time : 2hr 09min Format : Mp4 Genre : Drama , Fantasy Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်