June and John (2025) ဂန္တ၀င်ပြင်သစ်ရုပ်ရှင် Léon: The Professional , Lucyတို့လိုကားတွေကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီးLuc Bessonရဲ့ ထုံးစံအတိုင်း မိန်းကလေးဇာတ်ကောင်ကို အဓိက ဦးတည်ပြီးရိုက်ပြထားတဲ့ ခပ်မိုက်မိုက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် နေ့စဉ်ဘဝကို တစ်သမတ်တည်း၊ ပျင်းရိငြီးငွေ့ဖွယ် အလုပ်အကိုင်တွေကြားထဲမှာပဲ ဖြတ်သန်းနေရတဲ့ သာမန်၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျွန်" အကြောင်းကနေ စတင်ထားပါတယ်။ သူ့ရဲ့ဘဝဟာ ဘာလှုပ်ခတ်မှုမှမရှိဘဲ အေးစက်နေခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့...ထူးဆန်းတဲ့ မိန်းကလေး "ဂျွန်း က သူ့ရဲ့အမြင်အာရုံထဲကို ရုတ်တရက် ရောက်ရှိလာပြီး ဂျွန်ရဲ့ စိတ်အာရုံတစ်ခုလုံးကို ဖမ်းစားသွားပါတော့တယ် ဂျွန်ဟာ ဂျွန်းရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုတွေနောက်ကို အရူးအမူး လိုက်ပါရင်း... သူတို့နှစ်ဦးကြားထဲမှာ ပြင်းထန် လှတဲ့ အချစ်ဇာတ်လမ်း တစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျွန်းရဲ့နောက်ကွယ်မှာ ဂျွန်မသိသေးတဲ့ လျှို့ဝှက်ချက်တွေ၊ အန္တရာယ်တွေ ရှိနေခဲ့တာပါ။ ဒီအချစ်ကပဲ ဂျွန်ကို သူ့ရဲ့ပျင်းစရာကောင်းတဲ့ဘ၀ကနေ ဘာဖြစ်လာမလဲဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ စွန့်စားခန်း အလှည့်အပြောင်း ခရီးကြမ်းကြီးတစ်ခုထဲကို ဆွဲသွင်းသွားပါတော့တယ်။ ဂျွန်တစ်ယောက် ဂျွန်းကို ကာကွယ်ရင်းနဲ့ အဆိုပါ အန္တရာယ်တွေကြားထဲကနေ ဘယ်လိုမျိုး အသက်လု ရုန်းကန်ရမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရမယ့်ကားဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်