★ 5.8
ဇာတ်ကား / 2023You People
လူဖြူကောင်လေးနဲ့ လူမဲမိန်းကလေးတစ်ယောက်တို့ ချစ်ကြပေမယ့် လက်ထပ်ဖို့အရေးမှာ နှစ်ဖက်မိသားစုကြောင့် အဆင်မပြေမှုတွေ ကြုံလာရပါတယ်။ မိန်းကလေးရဲ့ဖခင်က သမီးအတွက် စိတ်ပူပြီး လူဖြူကောင်လေးကို လိုက်ညစ်တတ်တယ်။ ကောင်လေးရဲ့မိခင်ကတော့ သားရဲ့ချစ်သူကို လက်ခံကြောင်း ပြချင်လွန်းနေသူပါ။ လူမဲဖြစ်နေတာဟာ မဆန်းဘူးဆိုတာကို ခဏခဏထုတ်ပြောရင်း သဘာဝမကျတဲ့ အခြေအနေတွေ ဖြစ်သွားစေပါတယ်။ တစ်ဖက်က အတိုက်အခံလုပ်နေသလို နောက်တစ်ဖက်ကလည်း လက်ခံပေးချင်လွန်းရာက အလွဲတွေဖြစ်နေတော့ ဒီစုံတွဲအတွက် မင်္ဂလာပွဲ ကျင်းပနိုင်ပါ့မလားဆိုတာအထိ စိတ်ပူရလာတယ်။ မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုကြားက သူတို့အကြောင်းကို ပြောပြထားတဲ့ အချစ်ဟာသဇာတ်ကားဖြစ်ပြီး Jonah Hill၊ Eddie Murphy၊ The X-Files စီးရီးမှ David Duchovny နဲ့ Molly Gordon တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်