“အခွင့်လမ်း” နဲ့ “စိတ်ဓာတ်” ဆိုတဲ့ ဂြိုဟ်ပေါ်သွားယာဉ်နှစ်စင်းကို နာဆာက အင်္ဂါဂြိုဟ်လေ့လာရေးအတွက် စေလွှတ်ခဲ့ပါတယ်။ မူရင်းအညွှန်းမှာတော့ ဒီယာဉ်နှစ်စင်းကို အမွှာညီအစ်မလို တင်စားထားပြီး “စိတ်ဓာတ်” ကို ပြဿနာလေးတွေ ကြုံရတတ်တဲ့ အစ်မကြီး၊ “အခွင့်လမ်း” ကို ကံကောင်းတတ်တဲ့ ညီမလေးအဖြစ် မိတ်ဆက်ထားတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလား၊ ရှိခဲ့ဖူးသလား၊ သက်ရှိတွေ ရှိနေသလား၊ တစ်ချိန်က ရှိခဲ့ဖူးသလားဆိုတဲ့ မေးခွန်းတွေရဲ့အဖြေကို ရှာဖို့ သိပ္ပံပညာရှင်တွေ၊ ဘူမိဗေဒပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ အတူအလုပ်လုပ်ကြပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်က သူတို့ရဲ့ ရှာဖွေလေ့လာမှုနဲ့ ယာဉ်နှစ်စင်းရဲ့ ခရီးကို ပြထားတာပါ။ ယာဉ်နှစ်စင်းကို အင်္ဂါဂြိုဟ်ရဲ့ တစ်ဖက်စီဆီ ပို့ခဲ့ချိန်မှာ ခန့်မှန်းထားတဲ့ အလုပ်လုပ်နိုင်မယ့်သက်တမ်းက အင်္ဂါဂြိုဟ်ရက် ၉၀၊ သုံးလလောက်ပဲ ရှိပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ တစ်ရက်က ကမ္ဘာ့တစ်ရက်ထက် မိနစ် ၄၀ ပိုရှည်တယ်။ ဒါပေမယ့် “စိတ်ဓာတ်” က ခြောက်နှစ်ကျော်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး “အခွင့်လမ်း” ကတော့ ဆယ့်ငါးနှစ်နီးပါးအထိ လေ့လာရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်ခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်