Butchers Book Three: Bonesaw (2024) +++++++++ Slasher Horror ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အသစ်ထပ်မံထွက်ရှိထားတဲ့ Butcher Book Three နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင် Butchers စီးရီးတွေထဲကလို တောထဲမှာ လမ်းပျောက်ပြီး လူသားစား စိတ္တဇကောင်တွေနဲ့ မဟုတ်တော့ဘဲ ဒီတစ်ခါတော့ မြို့ပေါ်ဆင်ခြေဖုံး ရပ်ကွက်နဲ့ လူပြတ်တဲ့ လမ်းတွေပေါ် အပြောင်းအလဲ ဖြစ်လာပါပြီ။ ဒီတစ်ခါတော့ စိတ္တဇကောင်က ညအချိန် လူခြေပြတ်တဲ့နေရာတွေမှာ အသားခုတ်တဲ့ အလုံပိတ် ဗင်ကားနဲ့ လမ်းတွေလိုက်ပတ်မောင်းရင်း သူ့ရဲ့သားကောင် ဖြစ်မယ့်သူတွေကို လိုက်လံရှာဖွေတာ ဖြစ်ပါတယ်။ ညဉ့်ငှက်မလေးတွေနဲ့ အမျိုးသမီးငယ်လေးတွေ ဆက်တိုက်ပျောက်ဆုံးမှုတွေကြောင့် သတင်းအနံ့ခံ လိုက်နေတဲ့ ရှဲရစ်ရဲကိုလည်း တွေ့ရမှာ ဖြစ်ပြီး စိတ္တဇကောင်နဲ့ ဘယ်လို တွေ့ဆုံမှုတွေ ဖြစ်ကြမလဲ။ ယခင်ရိုးအီနေတဲ့ Butcher Vibe နဲ့ ကွဲထွက်သွားတာမို့ ကြည့်ရတာ မဆိုးဘူးလို့ ပြောရမှာပါ။ သားကောင်က ဘယ်လောက်ပဲ နာကျင်သွေးပျက်ပြီး အော်ဟစ်နေပါစေ သူလုပ်စရာ ရှိတာကို ခပ်မှန်မှန် သွေးအေးအေးနဲ့ ခုတ်ထစ်နေတဲ့ မြင်ကွင်းမျိုးနဲ့အတူ Butcher Book သုံးကားမြောက်ကို ရှုစားအားပေးကြပါဦးလို့။ File Size… (0.99GB) / (460MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 47m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်