Rap ဂီတကိုကြိုက်တဲ့သူတွေအတွက် Rap ဂီတနဲ့ပတ်သက်တဲ့ဇာတ်ကားသစ်လေးတစ်ကားပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ခဏခဏ သေနတ်ပစ်ခတ်မှုတွေ လူငယ်တွေကြားရာဇဝတ်မှုတွေနဲ့ မလုံခြုံတဲ့အနေအထားမှာ ဩဂတ်စ်ဆိုတဲ့လူငယ်လေးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ခြောက်ခြားစရာကိစ္စတစ်ခုကြုံခဲ့ရပြီးနောက် အပြင်တောင်မထွက်ရဲလောက်အောင် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီလိုနဲ့ အိမ်မှာပဲနေရင်း သူစိတ်ဝင်စားနဲ့ ရက်ပ်သံစဉ်တွေဖန်တီးတာကို အားအားရှိလုပ်နေပါတော့တယ်။ အဲလိုအချိန် တချိန်ကဂီတလောကမှာ မန်နေဂျာအနေနဲ့ နာမည်တစ်ခုရှိခဲ့တဲ့ ရိုမယ်လိုတစ်ယောက်ကလည်း ပြသနာတွေကြောင့် ကျောင်းလုံခြုံရေးဝန်းထမ်းဘဝရောက်ပြီး တစ်နေ့ဩဂတ်စ်ရဲ့အရည်အချင်းကို သတိထားမိစေတဲ့နေ့ကိုရောက်လာပါတယ်။ ဒီလိုနဲ့ ကောင်လေးကိုတွဲခေါ်ရင်း သူတို့နှစ်ယောက်ရဲ့ဒဏ်ရာကိုယ်စီဘယ်လိုဖြေဖျောက်မလဲ နောက်ကွယ်ကဘာဇာတ်လမ်းတွေရှိလဲဆိုတာကိုသိရမှာပါ။ သီချင်းတွေဟာလည်း ရက်ပ်ကြိုက်တဲ့သူတွေအတွက် တကယ်နားထောင်လို့ကောင်းတဲ့အတွက် ကျေနပ်မှုဂစေမှာပါ Rating အနေနဲ့ 6.4/10 အထိရထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ရှပ်ရှင်အညွှန်း နဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပါ) File Size : (850 MB) and (430 MB) Quality : NF WEB-DL 720p Running Time : 1hr 49min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEB-DL.DDP5.1.H.264-NTG Translated by Thura Zarni Aung Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်