မားကပ်စ်နဲ့ ဂျုလီတို့ဟာ အေးအေးချမ်းချမ်း နေထိုင်နေကြတဲ့ လင်မယားပါ။ မားကပ်စ်က အိုင်တီပညာရှင်ဖြစ်ပြီး ဂျုလီကတော့ နာမည်ကြီး ပန်းချီဆရာမတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အိမ်ကို လူတစ်ယောက် ဖောက်ဝင်လာပြီး အစ်မဖြစ်သူကို သတ်သွားတဲ့အဖြစ်အပျက်နောက်မှာ အဲဒီအေးချမ်းမှု ပျက်စီးသွားခဲ့တယ်။ စိတ်ဒဏ်ရာတွေနဲ့အတူ သူတို့နှစ်ယောက် မြို့နဲ့ဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဆီ ပြောင်းရွှေ့ခဲ့ကြပါတယ်။ ဇနီးကို စိတ်မချတဲ့ မားကပ်စ်က သူကိုယ်တိုင် တီထွင်ထားတဲ့ AI ကိုသုံးပြီး အိမ်လုံခြုံရေးစနစ်ကို သေချာပြင်ဆင်ထားတယ်။ ဒါပေမယ့် အဲဒီလုံခြုံရေးစနစ်ကို ကျော်ဖြတ်ပြီး အိမ်ထဲကို ဖောက်ဝင်လာသူ ရှိနေပြန်ပါတယ်။ ဒီလူက ဘယ်သူလဲ၊ ဘာကြောင့် သူတို့အိမ်ကို ပစ်မှတ်ထားတာလဲ၊ လုံခြုံရေးစနစ်ကိုရော ဘယ်လိုကျော်လာနိုင်တာလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားတဲ့ ၂၀၂၃ ခုနှစ် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပါ။
ဇာတ်ကားကြည့်ရန်