ဗီယက်နမ်သရဲကားကောင်းကောင်းလေးကို စောင့်ဆိုင်းနေတဲ့CMပရိသတ်ကြီးအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးနာမည်ကတော့ Voodoo Doll (2017)ပါ။ တချို့သောသရဲကားများလို ဘာကိုခြောက်လို့ခြောက်နေမှန်းမသိ ဖြဲခြောက်နေတာမျိုးမဟုတ်ပဲ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကျောရိုးထဲကစိမ့်ပြီးခြောက်ခြားစေမယ့်ကားတစ်ကားလို့ညွှန်းချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းကိုလဲ အနည်းအကျဉ်းပြောပြချင်ပါသေးတယ်။ ကျောင်းတစ်ခုမှာ အရမ်းခင်ကြတဲ့သူငယ်ချင်းသုံးယောက်ဟာတစ်နေ့တော့ ဂီတပြိုင်ပွဲတစ်ခုအတွက်ကျောင်းမှာညလုံးပေါက်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ်။ အဲ့လိုလေ့ကျင့်နေတဲ့အချိန် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေကြောင့် စာသင်ခန်းအုတ်နံရံမှာဖွက်ထားတဲ့ အရုပ်တစ်ရုပ်ကိုရှာတွ့တဲ့အခါ..... အဲ့ဒီအရုပ်ကဘယ်သူ့ကိုကျိန်စာတိုက်ခဲ့တာလဲ? ဘယ်သူကဒီအောက်လမ်းနည်းကိုသုံးခဲ့တာလဲ? ရှာတွေ့တဲ့ကလေးတွေကရော ဘယ်လိုဆက်ဖြစ်မလဲ? အဲ့လိုမေးခွန်းပေါင်းများစွာနဲ့ ရင်တစ်ဖိုဖိုကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ ဇာတ်သိမ်းအထိမငြီးမငွေ့ဆွဲခေါ်သွားနိုင်တဲ့ကားလေးပါ။ မိုးအေးအေးနဲ့ သရဲကားကောင်းတစ်ကားကိုမြည်းစမ်းကြည့်လိုက်ရအောင်လားဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (700 MB) Quality : WEBRip 720p Running Time : 1hr 49min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEBRip AAC2.0 H.264-MooMa Translated by Aye Mon Kyaw Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်