ဒီတစ်ခါတင်ဆက်ပေးမဲ့စီးရီးလေးကတော့ မိသားစုအရှုပ်အထွေးတွေကြားကနေ အမှန်တရားကိုရှာဖွေမဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းပုံစံကိုမှ နန်းတွင်းအပြင်အဆင်၊ လက်ဖက်ရည်ရိုးရာဓလေ့တွေ၊ လက်ဖက်ခင်းအလှအပတွေပါပေါင်းစပ်ထားတဲ့ Glory ဖြစ်ပါတယ်။ ဒီစီးရီးမှာ The Unclouded Soul မှာ အရှင်ဟုန်ယဲ့အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Hou Ming Hao၊ ရှောင်ဟို (Hou Ming Hao) နဲ့အတူ Fangs of Fortune မှာ Shen Nu အဖြစ် Guest Role ကနေပါဝင်ခဲ့တဲ့ ချောမောနုပျိုတဲ့ Jiějiě Gulnezer Bextiyar အပြင် FOF မှာ MC အဖြစ်ပါဝင်ခဲ့တဲ့ Cheng Xiao ကပါ ပါဝင်သရုပ်ဆောင်ထားတာမို့ FOF ကိုလွမ်းနေတဲ့ပရိသတ်တို့ပါ အလွမ်းပြေစေမှာဖြစ်သလို Liu Qing, Chen Rou Xuan, Teng Ze Wen, Zhao Jia Min စတဲ့သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ နောက်ပြီး ဒီစီးရီးမှာ ရှောင်ဟိုကို မြင်ဖူးနေကျမဟုတ်တဲ့ကာရိုက်တာနဲ့မြင်ရမှာဖြစ်ပြီး မမ Gulnezer ကလည်း တကယ့်ကိုမှခပ်မိုက်မိုက်သခင်မလေးအဖြစ် ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းသွားကပါ ဆန်းကြယ်မှုတွေကြားက ချစ်ခြင်းမေတ္တာချိုမြမြကိုပါထင်ဟပ်စေမှာမို့ C drama fan တွေ အကြိုက်ထပ်တွေ့မဲ့စီးရီးတစ်ခုပါပဲ! ဇာတ်လမ်းအညွှန်း >>> တော်ဝင်စာမေးပွဲမှာ ပထမအဆင့်ကနေအောင်ခဲ့တဲ့ သခင်ငယ်လေးလုကျန်းလိုင်ဟာ ရာဇဝတ်ရေးရာတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ခရီးနှင်နေရင်း မိန်းမဖြစ်သူကိုသတ်တဲ့အမှုတစ်ခုထဲ ပါဝင်ပတ်သက်လိုက်မိပါတယ်။ အဲလိုငြိစွန်းပတ်သက်ခဲ့မှုကြောင့် အရာရှိအသိုင်းအဝိုင်းရဲ့ကြယ်ပွင့်လေးအဖြစ်ကနေ ကူကယ်သူမရှိတဲ့အခြေအနေသို့ ချက်ချင်းရောက်ရှိသွားခဲ့ရှာပါတယ်။ လုကျန်းလိုင်းခမျာ ဒဏ်ရာဒဏ်ချက်တွေနဲ့ထွက်ပြေးလာရင်း သတိလစ်မေ့မြောသွားချိန်မှာ လက်ဖက်ဘုရင်ရဲ့သမီး ရုန်ရှန်ပေါင်က တွေ့မိရာကနေ သူ့အသက်ကို ကယ်ထားပေးခဲ့ပါတယ်။ သေမင်းခံတွင်းဝကနေ ခက်ခက်ခဲခဲပြန်ရှင်သန်လာတာမို့ လုကျန်းလိုင်ဟာ သူ့အတွက်တရားမျှတမှုကို ပြန်ရှာဖွေဖို့ကြိုးစားပါတော့တယ်။ တကယ်တမ်းတော့ ရုန်ရှန်ပေါင်ဟာ မောက်မာပြီးအထက်စီးဆန်တဲ့အပြင် မိသားစုကြားကအချင်းကိစ္စတွေကြောင့် လုကျန်းလိုင်ကို အမြင်မကြည်နေပါဘူး။ အမြင်မကြည်တာမို့ ထက်မြက်လှတဲ့သခင်လေးကို အစေခံအဖြစ်လုပ်ခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ အမှုမှန်နဲ့တရားမျှတမှုကိုရှာဖို့ အတိတ်မေ့ချင်ယောင်ဆောင်နေတဲ့လုကျန်းလိုင်နဲ့ မာနအိုးသခင်မလေးရုန်ရှန်ပေါင်တို့ဟာ မသိလိုက်ခင်မှာပဲ တစ်ယောက်ပေါ်တစ်ယောက် မေတ္တာယိုဖိတ်ချစ်စိတ်ဝင်သွားခဲ့ချိန်မှာတော့..... ပဟေဠိတွေ၊ ဆန်းကြယ်လျှို့ဝှက်မှုတွေကြားကနေ အမှန်တရားကို နှစ်ဦးသား ဖြေရှင်းဖော်ထုတ်နိုင်ပါ့မလား? မိသားစုကြားကအရေးကိစ္စကရော ရှန်ပေါင်ထင်ထားသလိုမျိုးပဲလား?? ရန်သူကနေ ချစ်သူအဖြစ်ကို သူတို့နှစ်ဦးသား လွယ်လွယ်လက်ခံနိုင်မှာလားဆိုတာကိုတော့ ကလိကလိဖြစ်ရင်း ကြည့်ရှုခံစားပေးလိုက်ကြပါဦး ပရိသတ်ရေ...! Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Historical, Business, Romance Runtime : 45 min
ဇာတ်ကားကြည့်ရန်