Ya Boy Kongming! The Movie (2025) ဒီဂျပန်ဇာတ်ကားလေးကတော့ ဂီတကို အခြေခံထားတဲ့ Supernatural- Fantasy-Comedy အမျိုးအစားဖြစ်ပါတယ်။ Netflix မှာ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ စီးရီးကို ရုပ်ရှင်အဖြစ် ပြန်လည် ဖန်တီးတင်ဆက်ထားတာဖြစ်ပြီး ဒါရိုက်တာ Shûhei Shibue ဖန်တီးထားပြီးတော့ Osamu Mukai၊ Moka Kamishiraishi နဲ့ Mandy Sekiguchi တို့အပြင် Win Morisaki လို နာမည်ကြီး အနုပညာရှင်များစွာလည်း ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း တရုတ်ပြည်သမိုင်းမှာ သွေးမြေအကျဆုံး သုံးပြည်ထောင်ခေတ်က နာမည်ကြီး စစ်သေနာပတိ ကျူးကော့လျံခုံမင်ဟာ ဝူကျန်းလွင်ပြင်မှာ ဆုံးပါးသွားခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ သူ သတိပြန်ဝင်လာချိန်မှာ လက်ရှိမျက်မှောက်ကာလ ဂျပန်နိုင်ငံ ရှီဘူယရဲ့ ဟောလိုဝင်းညကို ရောက်နေခဲ့ပါတယ်။ သူဟာ ကမ္ဘာလောကကြီး ငြိမ်းချမ်းရေးကို လိုလားသူ ဖြစ်လာပြီး ပြည်သူအပေါင်း အေးချမ်းကြွယ်ဝစွာ နေနိုင်ဖို့ နည်းလမ်းတွေ လိုက်ရှာခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာလောကကြီး ငြိမ်းရေးအတွက် ဂီတသာ အကောင်းဆုံးဗျူဟာဆိုတာကို သိသွားပြီး အဲအိကိုဆိုတဲ့ ဝါသနာရှင်အပျော်တမ်း အဆိုတော်လေးကို မြေတောင်မြှောက်ပေးဖို့ အစွမ်းကုန် အားထုတ်ကြိုးပမ်းပါတော့တယ်။ ခုံမင်ဟာ အဲအိကိုကို ထိပ်တန်းအဆိုပြိုင်ပွဲမှာ ပါဝင်နိုင်ပြီး အောင်ပွဲခံနိုင်ဖို့အတွက် သူ့ပြိုင်ဖက်တွေအပေါ် သူကျွမ်းကျင်တဲ့ စစ်ဗျူဟာတွေကို ဘယ်လိုတွေ ပုံပြောင်းဗျူဟာခင်းရင်း ကြိုးပမ်းပေးသွားမှာလဲဆိုတာကိုတော့ ..... File size…1.81GB / 871MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 58 min. Genre ….. Music, Comedy, Fantasy, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်