Let's Have Kids! (2026) အမ်မာ နဲ့ ဖီဘီတို့ဟာ ငယ်စဉ်ကလေးဘဝကတည်းက တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင် ခင်မင်ရင်းနှီးလာကြတဲ့ အရင်းနှီးဆုံး သူငယ်ချင်း နှစ်ယောက်ပါ။ ဘဝရဲ့ အရေးပါတဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေဖြစ်ကြတဲ့အတိုင်း မိခင်ဘဝကို ကူးပြောင်းချိန်မှာလည်း တစ်ယောက်တည်း မဖြတ်သန်းချင်ကြပါဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ ခိုင်မာတဲ့ အစီအစဉ်တစ်ခု ဆွဲလိုက်ကြပါတယ်။ "တစ်ချိန်တည်း၊ တစ်လတည်းမှာ အတူတူ ကိုယ်ဝန်ဆောင်ပြီး ရင်သွေးလေးတွေကို အတူတူ မွေးဖွားမယ်" ဆိုတဲ့ ရူးသွပ်ဖွယ်ရာ စိန်ခေါ်မှုပါပဲ။ ဒါပေမဲ့ သဘာဝတရားကတော့ သူတို့ရဲ့ Perfect ပလန်အတိုင်း ဖြစ်မလာခဲ့ပါဘူး။ တစ်ယောက်က အလွယ်တကူ ကိုယ်ဝန်ရသွားခဲ့ပေမဲ့ အခြားတစ်ယောက်မှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ...မနာလိုမှု၊ စိတ်ဓာတ်ကျမှု၊ ဝမ်းနည်းမှု စတဲ့ စိတ်ခံစားချက် အတက်အကျတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ နှစ်ပေါင်းများစွာ ခိုင်မာခဲ့တဲ့ သံယောဇဉ်နဲ့ သူငယ်ချင်းဆက်ဆံရေးဟာ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုနဲ့ ကြုံတွေ့လိုက်ရပါတယ်.... တကယ်ပဲ သူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သူငယ်ချင်းဆက်ဆံရေးက ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလား.... File Size - 2.2 GB/ 653 MB Quality - WEB-DL 1080p/ 720p Duration - 1h 35m Format - mp4 Genre - Comedy Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်